Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ကောက်ယူသွားမယ်

သန်းခေါင်စာရင်းကောက်ယူမှုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်အထိ လုပ်ဆောင်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက အသိပေးလိုက်ပါတယ်။

လုပ်ငန်းအချိန်ဇယားအရ ရှေ့ပြေးအစီရင်ခံစာထုတ်ပြန်တာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်နိုင်အောင် လျာထားဆောင်ရွက်နေတယ်လို့လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီး ဌန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက ဆက်လက် ပြောပြပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေနဲ့သာ အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပြီး ဆက်စပ်ဝန်ကြီးဌာနတွေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့သာ ဆောင်ရွက်နေတာဖြစ်သလို နိုင်ငံတကာအဖွဲ့အစည်းတွေဘက်ကလည်း လူဦးရေစာရင်းမှန်ကန်ရေးလုပ်ငန်းတွေ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးတာတွေရှိတယ်လို့ အသိပေးခဲ့ပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက သန်းခေါင်စာရင်း ကောက်ယူတာမှာ သန်းခေါင်စာရင်း ရည်ညွှန်းချိန် သတ်မှတ်ပြီး အဲ့ဒီရည်ညွှန်းချိန်အတွင်း မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာ နေထိုင်သူအားလုံးကို စာရင်းကောက်ယူမှာဖြစ်ကြောင်းနဲ့ သန်းခေါင်စာရင်းထဲမှာ သမားရိုးကျ အိမ်ထောင်စုတွေမှာ နေထိုင်သူတွေသာမကဘဲ အဖွဲ့အစည်းတွေဖြစ်တဲ့ ဘိုးဘွားရိပ်သာတွေ၊ မိဘမဲ့ဂေဟာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ အကျဉ်းထောင်တွေ၊ ဘော်ဒါဆောင်တွေ၊ ဆေးရုံတွေ၊ တပ်ရင်းတပ်ဖွဲ့တွေမှာ နေထိုင်သူတွေနဲ့ အိမ်ခြေရာခြေမဲ့တွေအပါအဝင် လူအားလုံးကို စာရင်းကောက်ယူမယ်လို့ သိရှိရပါတယ်။