ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အတွက် ရုရှားထုတ် အော်ရက်စ် လမဇီး (Aurus limousine) ဇိမ်ခံကားတစ်စီးကို လက်ဆောင်ပေးလိုက်တယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ရုရှားနိုင်ငံဆီကို ကင်ဂျုံအန် သွားရောက်လည်ပတ်စဉ်မှာ ဗလာဒီမာ ပူတင်က သူအသုံးပြုနေတဲ့ အော်ရက်စ် လမဇီးအနက်ရောင်ကျည်ကာကားကို ပြသခဲ့ပြီး အဲ့ဒီကားကို ကင်ဂျုံအန်က အရမ်းပဲ သဘောကျခဲ့ပါတယ်။
ယူကရိန်းနဲ့ စစ်ပွဲစဖြစ်ချိန်ကတည်းက ရုရှားနိုင်ငံဟာ မြောက်ကိုရီးယားအပါအဝင် အီရန်လို အမေရိကန်ပြည်ထောင်စုနဲ့ မတည့်တဲ့နိုင်ငံတွေနဲ့ ဆက်ဆံရေး မြှင့်တင်တာတွေ ရှိခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှ ရုရှားအသုံးပြုဖို့အတွက် အမြောက်ကျည်တွေနဲ့ ဒုံးကျည်တွေ ထောက်ပံ့နေတယ်လို့ အမေရိကန်ပြည်ထောင်စုက စွပ်စွဲထားပေမယ့် အဲ့ဒီစွပ်စွဲချက်ကို ရုရှားနဲ့ မြောက်ကိုရီးယားတို့က ငြင်းဆန်ထားပါတယ်။
အဲဒီကားကို ကင်ဂျုံအန်ကိုယ်စား သူ့ရဲ့ညီမဖြစ်တဲ့ ကင်ယိုဂျောင်းက လက်ခံရယူခဲ့ပြီး ကင်ကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။