Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပုသိမ်မြို့က ဂျိုင်လယ်ကမ်းခြေမှာ အလျား ၄၅ ပေခွဲရှိတဲ့ ဝေလငါးတစ်ကောင် ‌ေ…–သဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မကျီးဇင်အုပ်စုက ဂျိုင်လယ်ကမ်းခြေမှာ မနေ့တုန်းက အလျား ၄၅ ပေခွဲရှိတဲ့ ဝေလငါးကြီးတစ်ကောင် ‌ေ..–သဆုံးလျက်နဲ့ သောင်တင်နေတာကို တွေ့ခဲ့ရတယ်လို့ သိရှိရပါတယ်။

အဲ့ဒီဝေလငါးကြီးကို ဖေဖော်ဝါရီလ ၁၇ ရက် ညနေပိုင်းက ပင်လယ်ထဲမှာ ‌ေ..–သဆုံးနေတာကို ဒေသခံတစ်ယောက်က စတင်တွေ့ရှိခဲ့ကာ နောက်တစ်ရက်မှာတော့ ဂျိုင်လယ်ကမ်းခြေဆီကို လာရောက်ပြီး သောင်တင်နေတာဖြစ်တယ်လို့ သတင်းကြားသိရပါတယ်။

လတ်တလောမှာတော့ အပုပ်နံ့တွေကို နံစော်နေတာကြောင့် ဝေလငါးကြီးကို ကျင်းတူးကာ မြှုပ်နှံထားလိုက်ပြီဖြစ်ပြီး နောက်မှပဲ အရိုးထုတ်ယူမယ်လို့ သိရှိရပါတယ်။

သေဆုံးနေတဲ့ ဝေလငါးမှာ အလျား ၄၅ ပေ ၆ လက်မ၊ လုံးပတ် ၂၁ ပေရှိပြီး ပါးစောင်မှာ အကိုက်ခံထားရတဲ့ဒဏ်ရာတွေ ရထားတယ်လို့ ဆိုပါတယ်။