American Idol အစီအစဉ်အတွက် ၇ နှစ်ကြာ ဒိုင်လုပ်ပေးခဲ့တဲ့ ကေတီပယ်ရီဟာ ဒိုင်အဖြစ်ကနေ နုတ်ထွက်အနားယူဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီလို့ သိရပါတယ်။
ကေတီပယ်ရီဘက်ကနေ တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်အပြီးမှာ American Idol အနေနဲ့ ကေတီပယ်ရီရဲ့နေရာကို အစားထိုးဖို့ ဒိုင်လူကြီးအသစ်တစ်ယောက် ရှာဖွေနေရပြီပဲဖြစ်ပါတယ်။
American Idol ရဲ့ပစ်မှတ်စာရင်းထဲမှာ တေလာဆွစ်ဖ်၊ မိုင်လေးဆိုင်းရပ်စ်နဲ့ ဂျနီဖာလိုပက်ဇ်တို့ ရှိနေပြီး အဲ့ဒီ ၃ ယောက်ထဲက တစ်ယောက်ယောက်ကို ဒိုင်လုပ်ဖို့အတွက် ကမ်းလှမ်းလိမ့်မယ်ဆိုပြီး သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ကေတီပယ်ရီဟာ အခုနှစ်အပါအဝင် American Idol အတွက် ၇ နှစ်တိုင် ဒိုင်လုပ်ပေးခဲ့ပြီး ၅ နှစ်ဆက်တိုက်အတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ၂၀၂၃ နဲ့ ၂၀၂၄ တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိထားတယ်လို့ သိရှိရပါတယ်။