ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ရဲ့ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုကြောင့် ထောင်ဒဏ် ၁ နှစ်တည်းသာကျခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ ခံဝန်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ သိရပါတယ်။
အသက် ၇၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သက်ဆင်ဟာ ကျန်းမာရေးအခြေအနေကြောင့် အကျဉ်းထောင်ထဲမှာ ခဏသာနေခဲ့ရပြီး ဆေးရုံဆီကို လွှဲပြောင်းပို့ဆောင်ကာ ဆေးကုသမှုခံယူခဲ့ရပြီးတဲ့နောက် ၆ လအကြာမှာတောာ့ အခုလိုပဲ ခံဝန်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ မနက်အစောပိုင်းက ဆေးရုံရှေ့ကနေ ထွက်ခွာလာတဲ့ အနက်ရောင် မာစီဒီးကားပေါ်မှာ ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ် သက်ဆင်ကို သူ့ရဲ့သမီးဖြစ်တဲ့ ပေတုန်တန်ရှင်နာဝပ်နဲ့အတူ မြင်တွေ့လိုက်ရတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။