Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အခုအချိန်မှစပြီး ကော်ဖီစိုက်ပျိုးရေးစီမံကိန်းတွေ ဆောင်ရွက်ရင် မိမိတို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကော်ဖီတင်ပို့တဲ့ ထိပ်တန်းနိုင်ငံအဖြစ် ရောက်ရှိလာမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

အခုအချိန်ကနေစလို့ ကော်ဖီစိုက်ပျိုးရေးစီမံကိန်းတွေကို စတင်ဆောင်ရွက်မယ်ဆိုရင် မိမိတို့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကော်ဖီတင်ပို့တဲ့ ထိပ်တန်းနိုင်ငံနေရာဆီကို ရောက်ရှိလာနိုင်မှာဖြစ်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနဲ့ အသား၊ နိုထွက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော်မှာရှိတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံးအစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေးခဲ့စဉ်မှာ အခုလို မှာကြားခဲ့တာလို့ သိရှိရပါတယ်။

တက်ရောက် ဆွေးနွေးစဉ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်က ကော်ဖီသီးနှံနဲ့ပတ်သက်လို့ မိမိတို့နိုင်ငံမှာ ကော်ဖီစိုက်ပျိုးရေးကို အားပေးဆောင်ရွက်ခဲ့ပေမယ့် လက်တွေ့လိုက်ပါလုပ်ဆောင်မှုအားနည်းခဲ့လို့ အောင်မြင်မှုနည်းပါးခဲ့ကြောင်းနဲ့ ကော်ဖီစိုက်ပျိုးဖို့အတွက် ခွင့်ပြုပေးထားတဲ့မြေတွေကို တခြားနည်းတွေနဲ့ သုံးစွဲနေကြတာ၊ သတ်မှတ်ထားတဲ့အတိုင်း စိုက်ပျိုးခြင်းမပြုတာတွေကိုတွေ့ရှိရလို့ မိမိတို့အနေဖြင့် ကော်ဖီကို စနစ်တကျစိုက်ပျိုးစေဖို့ ကြပ်မတ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ကော်ဖီထွက်ကုန်ဟာ ကမ္ဘာပေါ်တွင် အမြဲလိုအပ်မှုရှိသည့် ကုန်ပစ္စည်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှာ ကော်ဖီစိုက်ပျိုးနိုင်တဲ့ မြေနေရာများစွာရှိလို့ကော်ဖီစိုက်ပျိုးရေးစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်မယ်ဆိုရင် ကော်ဖီပို့ကုန်ကဏ္ဍကို များစွာမြှင့်တင်နိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် အခုအချိန်ကစလို့ ကော်ဖီ စိုက်ပျိုးရေးစီမံကိန်းတွေကို စတင်ဆောင်ရွက်သွား မယ်ဆိုရင် နောင်ကာလတွေမှာ မိမိတို့နိုင်ငံက ကမ္ဘာပေါ်မှာ ကော်ဖီတင်ပို့တဲ့ ထိပ်တန်းနိုင်ငံနေရာဆီကို ရောက်ရှိလာမှာဖြစ်ကြောင်း၊ ဒါကြောင့်ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးကို အလေးထားဆောင်ရွက်သွားဖို့ လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောခဲ့တယ်လို့ သိရပါတယ်။