ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်တဲ့အခါ သတ်မှတ်ချက်နဲ့ ကိုက်ညီသူအားလုံးကိုတစ်ချိန်တည်း တစ်ပြိုင်တည်း ခေါ်ယူမှာမဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်ပြီး အချိုးအစားအလိုက် ခေါ်ယူတဲ့စနစ်ကို ကျင့်သုံးသွားမှာဖြစ်တယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ညှိနှိင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) မှာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အခုလို အသိပေးသွားခဲ့တာလို့ သိရှိရပါတယ်။
သင်တန်း တစ်ပတ်စဉ်မှာ ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ခုကနေ အများဆုံးပါဝင်နိုင်မယ့် အရေအတွက်ဟာ တစ်ဦး၊ နှစ်ဦးထက် ပိုနိုင်မှာ မဟုတ်သလို အကျုံးဝင်သူတွေထဲကနေ နှစ်စဉ်တက်ရောက်ရမယ့်အရေအတွက်ဟာ ၁ ရာခိုင်နှုန်းရဲ့အောက်မှာပဲ ရှိတယ်လို့လည်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဆက်လက် ပြောကြားသွားခဲ့ပါတယ်။