Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အရှေ့တောင်အာရှရဲ့ Singles အများဆုံးနိုင်ငံစာရင်းမှာ မြန်မာ ပဥ္စမနေရာချိတ်

SeaAsia Stats က ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ အရှေ့တောင်အာရှရဲ့ အိမ်ထောင်ဖက် မရှိသူ Singles ဦးရေ အချိုးအစားအများဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက ပဉ္စမနေရာချိတ်နေပြီလို့ သိရှိရပါတယ်။

SeaAsia Stats ရဲ့ ဖော်ပြချက်တွေအရ မြန်မာနိုင်ငံ လူဦးရေရဲ့ ၂၉% ဟာ အိမ်ထောင်ဖက် မရှိသူ (Single) တွေဖြစ်နေကြတယ်လို့ တွေ့ရှိရပါတယ်။

အိမ်ထောင်ဖက် မရှိသူ (Single)ဆိုတဲ့နေရာမှာ လူပျိုလူလွတ်၊ လင်မယား ကွာရှင်းပြတ်စဲထားသူ တခုလပ်၊ မုဆိုးဖို/မုဆိုးမ အစရှိတဲ့ အရွယ်ရောက်ပြီးသား အိမ်ထောင်ဖက် မရှိသူတွေ အားလုံး အကျုံးဝင်တယ်လို့ ဆိုပါတယ်။

အခုအချက်အလက်မှတ်တမ်းကို ကုလသမဂ္ဂလူဦးရေဌာနခွဲ UN Population Division က ၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာကို အခြေပြုပြီး SeaAsia Stats က ရေးဆွဲထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

၁၉၇၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ကုလသမဂ္ဂဟာ ကမ္ဘာတစ်ဝန်းဆီက တစ်ကိုယ်ရေသမား ၁.၆ ဘီလီယံကျော်ကို လက်ထပ်ထိမ်းမြားမှုဆိုင်ရာ အချက်အလက်တွေ တောင်းယူကောက်ခံပြီးတဲ့နောက်မှ အစီရင်ခံစာရေးခဲ့တာလို့ သိရှိရပါတယ်။