ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေနဲ့ International School တွေမှာ ပုဂ္ဂလိကပညာရေးဥပဒေနဲ့အညီ မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်တွေကို မဖြစ်မနေ သင်ကြားကြရမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားလိုက်ပါတယ်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေဟာ နေပြည်တော်မှာရှိတဲ့ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမမှာ တက္ကသိုလ်ပါမောက္ခချုပ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပညာရေးမှူးတွေ၊ ခရိုင်ပညာရေးမှူးတွေနဲ့ တွေ့ဆုံချိန်မှာ အခုလို အသိပေးလိုက်တာပါ။
ပုဂ္ဂလိကပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနရှိ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍတွေက ပါမောက္ခချုပ်တွေ၊ ပညာရေးမှူးတွေဟာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တွေ၊ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရလိမ့်မယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် အသိပေးသွားခဲ့ပါတယ်။၊