အရင်တုန်းက ယူကရိန်းကို တက်ကြွစွာထောက်ခံခဲ့တဲ့ အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် ဟာ အခုအခါမှာတော့ ခံယူချက်ပြောင်းလဲသွားခဲ့ပြီလို့ သိရပါတယ်။
အတိတ်ကာလတုန်းက ယူကရိန်းဘက်ကနေ ရပ်တည်ပေးခဲ့တဲ့ လင်ဆေးဂရေဟမ် ဟာ အခုတစ်ခါမှာတော့ ယူကရိန်းအတွက် ကန်ဒေါ်လာ ၆၀ ဘီလီယံ အကူအညီပေးမယ့်ကိစ္စကို ကန့်ကွက်မဲပေးလိုက်ပြီဖြစ်ပါတယ်။
ဝါရှင်တန်ပို့စ်သတင်းမီဒီယာကတော့ လင်ဆေးဂရေဟမ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ခံယူချက်တွေ ပြောင်းလဲပစ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုမျိုး ပြောင်းလဲလိုက်မှုဟာ ထရမ့်သာ သမ္မတပြန်ဖြစ်လာခဲ့ရင် သူက အစိုးရအဖွဲ့မှာ ရာထူးကြီးကြီးမားမားရဖို့ဆိုတဲ့ လင်ဆေးဂရေဟမ်ရဲ့စိတ်ဆန္ဒနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့လည်း သိရှိရပါတယ်။