ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဦးအောင်မြတ်လမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်၊ အမှတ် ၂၃ က ESPERADO LAKE VIEW ဟိုတယ် ပိုင်ရှင်ရဲ့ဇနီးဖြစ်သူကို သ–..တ်သွားတဲ့သူလို့ သံသယရှိတဲ့ တရားခံကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီလို့ သိရှိရပါတယ်။
ESPERADO LAKE VIEW ဟိုတယ် ပိုင်ရှင်ရဲ့ဇနီးဖြစ်သူကို သ–..တ်သွားတဲ့သူဟာ လွန်ခဲ့တဲ့ ၃ လကျော်က အလုပ်ထုတ်ခံလိုက်ရသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က စစ်ဆေးချက်တွေအပေါ်မူတည်ကာ အဖြေထုတ်ခဲ့ပြီး လတ်တလောမှာတော့ အဲ့ဒီဝန်ထမ်းဟောင်းကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
CCTV မှတ်တမ်းတွေအရ ဟိုတယ်ဝန်ထမ်းအဖြစ်ကနေ လွန်ခဲ့တဲ့ ၃ လကထုတ်ပယ်ခံခဲ့ရသူ ဒေါ့ပုံမြို့နယ်နေ အသက် ၂၀အရွယ် ဘုန်းသွေးခန့် ဟာ အဲ့ဒီလူသ..–တ်မှုဖြစ်ပွားခဲ့တဲ့အခန်းထဲကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ည ၇ နာရီ ၃၈ မိနစ်မှာ ဝင်ရောက်သွားခဲ့ပြီး ည ၈ နာရီခွဲအချိန်မှာ ပြန်ထွက်သွားတာကို တွေ့ရှိရတဲ့အတွက် ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရှိရပါတယ်။
ESPERADO ဟိုတယ်ရဲ့သုံးလွှာက အခန်းအမှတ် ၃၀၀၃ မှာ ဟိုတယ်ပိုင်ရှင် ဦးအောင်ဇော်ဝင်းရဲ့ဇနီးဖြစ်သူ ဒေါ်သန်းသန်းဦး (ခေါ်) မာရီယမ်ဟာ ကျောပြင်မှာရရှိထားတဲ့ ဓါးဒဏ်ရာငါးချက်နဲ့ ေ..–သဆုံးနေတာကို ဖေဖော်ဝါရီလ ၁၃ ရက်၊ မနက် ၈ နာရီခွဲအချိန်လောက်ကိုရောက်မှ သားဖြစ်သူကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အခန်းထဲကနေ မိခင်ဖြစ်သူ ထွက်မလာလို့ သားဖြစ်သူ ကိုကောင်းမြတ် ဇော်က ဖုန်းခေါ်ကြည့်ချိန်မှာ ဖုန်းမကိုင်တဲ့အတွက် မာစတာကီးကို အသုံးပြုပြီး အခန်းကိုဖွင့်လိုက်ချိန်မှာ အခန်းအတွင်း မိခင်ဖြစ်သူက ဓားဒဏ်ရာတွေနဲ့ ကြမ်းပြင်မှာ လဲကျေ..–သဆုံးနေတာကို ကိုကောင်းမြတ်ဇော်က မြင်တွေ့လိုက်ရတာဖြစ်တယ်လို့ သိရှိရပါတယ်။