မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့လမ်းညွှန်မှုနဲ့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ဆန်တစ်ပြည်ကို ၃,၃၀၀ ကျပ်နဲ့ လူတစ်ယောက်ကို ဆန်နှစ်ပြည်နှုန်း ရောင်းချပေးမယ့်အစီအစဥ်ကို မနက်ဖြန် ဖေဖော်ဝါရီ ၁၆ ရက်နေ့က စတင်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။
အဲ့ဒီလို ဆန်ရောင်းချမှု ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် ၁၈ မြို့နယ်မှာရှိတဲ့ အသင်းဝင် ဆန်လက်လီဆိုင် (၅၈)ဆိုင်မှာ ဝယ်ယူနိုင်မယ်လို့သိရပြီး အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့တွေမှာ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။
ရောင်းချပေးမယ့်မြို့နယ်တွေက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)၊ မြောက်ဥက္ကလာပမြို့နယ်၊ မှော်ဘီမြို့နယ်၊ သင်္ဃန်းကျွန်း၊ ပုစွန်တောင်၊ သာကေတ၊ ဒေါပုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ အလုံ၊ မင်္ဂလာဒုံ၊ ဆိပ်ကြီးခနောင်တိုနဲ့ အင်းစိန် တို့ ဖြစ်ပါတယ်။
(ဝယ်ယူရရှိနိုင်မယ့် ဆိုင်လိပ်စာတွေကို အထက်ပါပုံတွေမှာ ကြည့်ရှုနိုင်ပါတယ်)