Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖုန်းနဲ့ဆက်သွယ်ပြီး မေးနိုင်၊ အနှောင့်အယှက်ပေးရင်တော့ ဖုန်းကဒ်ကို ပိတ်သိမ်းမယ်

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး မဟုတ်မမှန် ဝါဒဖြန့်ချိမှုတွေ၊ ကောလာဟလသတင်းထုတ်ပြန်မှုတွေ ရှိနေလို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို သိချင်ရင် ဖုန်းနဲ့ဆက်သွယ်ပြီး မေးမြန်းနိုင်အောင် စီစဉ်ပေးထားပြီလို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်လာတာတွေရှိတဲ့အတွက် အဲ့ဒီလို မဖြစ်ရစေဖို့ ဖုန်းနဲ့ဆက်သွယ်ပြီး မေးမြန်းနိုင်အောင် စီစဉ်ပေးလိုက်တာလို့ သိရှိရပါတယ်။

စုံစမ်းမေးမြန်းတာမဟုတ်ဘဲ အနှောင့်အယှက်ပေးပြီး ဆက်သွယ်လာတဲ့ ဖုန်းနံပါတ်တွေကိုတော့ မှတ်တမ်းတင်ထားပြီး ပိတ်သိမ်းအရေးယူသွားမယ်လို့ ဆိုပါတယ်။