Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်ပြီဖြစ်ကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွဲဖြိုးရေးကောင်စီလက်ထက်က ဥပဒေအမှတ် ၂၈/၂၀၁၀ နဲ့ ပြဌာန်းခဲ့တဲ့ အရန်တပ်ဖွဲ့ဥပဒေဟာ ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်ကစတင်ပြီး အာဏာတည်ပြီလို့ အမိန့်ကြော်ငြာစာအမှတ်  ၃၂/၂၀၂၄ နဲ့ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

အဲ့ဒီ အရန်တပ်ဖွဲ့ဥပဒေ အခန်း (၂) ပုဒ်မ ၂ အရ စစ်မှုထမ်းတစ်ယောက်ဟာ စစ်မှုထမ်းခြင်းကနေ နုတ်ထွက်ခွင့် ဒါမှမဟုတ် အငြိမ်းစားယူခွင့်ရှိတဲ့ နေ့ရက်ကစလို့ နုတ်ထွက်ခွင့် ဒါမှမဟုတ် အငြိမ်းစားယူပြီးတဲ့နောက် (၅)နှစ်အထိ အရန်တပ်ဖွဲ့မှာ စစ်မှုထမ်းဆောင်ရမယ့် တာဝန်ရှိတယ်လို့ ဖော်ပြပါရှိပါတယ်။