ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ထုတ်ပြန်လိုက်ပြီးတဲ့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄ နဲ့ ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာပဲ ထုတ်ပြန်လိုက်ပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)က ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြဌာန်းလိုက်တာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ၃ ရက်အကြာ ဖေဖော်ဝါရီလ ၁၃ ရက်မှာပဲ ဖွဲ့စည်းပြီးဖြစ်ကြောင်း ကြေညာချက် ဆက်လက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။