ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၊ ဆိပ်ကြီးကွင်း(ကျူးတဲစု)၊ အနောက်ပိုင်းရပ်ကွက်မှာ အသက် ၅၄ နှစ်အရွယ် ပထွေးဖြစ်သူက အသက် ၆ နှစ်အရွယ်သာရှိသေးတဲ့ မွေးစားသမီးကို သားမယားပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
ပထွေးဖြစ်သူဟာ မွေးစားသမီးကို ကျောက်တန်းမြို့၊ ဆိပ်ကြီးကွင်း(ကျူးတဲစု)၊ အနောက်ပိုင်းရပ်ကွက်မှာရှိတဲ့ သုဿာန်ဘေးက တောထဲဆီကို ထင်းခုတ်ဖို့ခေါ်ဆောင်သွားပြီး တောထဲကိုအရောက်မှာ သားမယားပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
ဇနီးဖြစ်သူ ဒေါ်စန်းသီတာက ကျောက်တန်းမြို့မဈေးထဲမှာ ငါးရောင်းနေစဉ်အခိုက် ဒေါ်စန်းသီတာရဲ့နောက်ယောက်ျားဖြစ်သူ ချစ်ဦးက အသက် ၆ နှစ်အရွယ် မွေးစားသမီးဖြစ်သူကို သားမယားပြုကျင့်လိုက်တာဖြစ်ပါတယ်။
ချစ်ဦးဟာ ထင်းခုတ်တဲ့ သင်္ချိုင်းကုန်းဘေးက တောထဲဆီကိုမော်တော်ဆိုင်ကယ်ဘေးတွဲနဲ့ ကလေးငယ်ကို ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
ဒေါ်စန်းသီတာဟာ ထင်းခုတ်တဲ့နေရာဆီကို လိုက်သွားပြီးတဲ့နောက် မွေးစားသမီးဖြစ်သူက မော်တာ်ဆိုင်ကယ်ဘေးတွဲနားမှာ ရပ်နေတာကိုတွေ့လို့ မေးမြန်းကြည့်ချိန်မှာ မွေးစားသမီးက အကြောင်းစုံကို ပြန်ပြောခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာတော့ မွေးစားသမီးကို သားမယားပြုကျင့်တဲ့ အသက် ၅၄ နှစ်အရွယ် ချစ်ဦးကို ကျောက်တန်းမြို့မရဲစခန်းက (၁/၂၀၂၄) (ပ) ၁၇/၂၀၂၄၊ရာဇသတ်ကြီး ပုဒ်မ-၃၆၇/၃၇၆ အရ အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေပြီလို့ သိရှိရပါတယ်။