Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တာမွေပလာဇာရှေ့မှာ တက္ကဆီတစ်စီးကို ဓားထောက်လု၊ ကား ၁၀ စီးလောက်ကိုပါ ထပ်တိုက်သွား

တာမွေပလာဇာရှေ့မှာ မနေ့တုန်းကညပိုင်းက တက္ကဆီတစ်စီးကို ဓားထောက်လုယက်ပြီး လုယက်သူတွေက တက္ကဆီကားပေါ်ကိုတက်ကာ မောင်းပြေးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တက္ကဆီကားကို လုပြီးတဲ့နောက် လုယက်သူတွေက ကားပေါ်ကိုတက်ကာ မောင်းနှင်ထွက်ပြေးဖို့ လုပ်ဆောင်ခဲ့ပြီး အလောတကြီးမောင်းနှင်မှုကြောင့် ရပ်နားထားတဲ့ ကား ၁၀ စီးကို ဝင်တိုက်တဲ့အထိဖြစ်သွားခဲ့တယ်လို့ သတင်းကြားသိရပါတယ်။

ဓားထောက်ပြီး တက္ကဆီလုယက်သူတွေဟာ ကားကို အလောတကြီး မောင်းလာခဲ့ပြီးတဲ့နောက် ယုဇနပလာဘက်ခြမ်းကိုရောက်တဲ့အချိန်မှာ ကား ၁၀ စီးကို ဝင်တိုက်တာလို့ ဆိုပါတယ်။

အဲ့ဒီတက္ကဆီကားထက်မှာ မိန်းကလေး ၂ ယောက် ပါလာတာကို တွေ့လိုက်ရတယ်လို့ ယုဇနာပလာဇာနဲ့အနီးတဝိုက်မှာနေထိုင်သူတွေက ပြောကြားထားပြီး တက္ကဆီယာဉ်မောင်းကို လူနာတင်ယာဉ်ထက် တင်ဆောင်သွားတာလည်း မြင်တွေ့လိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီဖြစ်ပြီး အခုရက်ပိုင်းအတွင်း ဒီလိုလုယက်မှုတွေဟာ နေရာအနှံ့မှာ ခပ်စိပ်စိပ်ဖြစ်လာနေတာကိုလည်း မြင်တွေ့ကြရပါတယ်။