ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့မှာ ဒီနေ့ ဖေဖော်ဝါရီလ ၁၁ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်လောက်က ကားတစ်စီးကနေ နောက်က ဝင်တိုက်ခဲ့လို့ ဆိုင်ကယ်စီးနင်းလာတဲ့ မြန်မာနိုင်ငံသား ၁ ယောက် ေ…–သဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
ချွန်ဘူရီမြို့ကနေပြီး ဘန်ကောက်မြို့ဆီကို ဦးတည်မောင်းနှင်လာခဲ့တဲ့ ဘတ်စ်ကားဟာ အရှိန်မထိန်းနိုင်ဘဲ သူ့ရှေ့က မြန်မာနိုင်ငံသားတစ်ယောက် မောင်းနှင်နေတဲ့ ဆိုင်ကယ်ရဲ့ဘေးပိုင်းကို ဝင်တိုက်လိုက်တာဖြစ်ပါတယ်။
အဲ့ဒီယာဉ်တိုက်မှုဖြစ်စဉ်မှာ ဆိုင်ကယ်စီးနင်းနေသူ မြန်မာနိုင်ငံသားက အခင်းဖြစ်တဲ့နေရာမှာတင် ေ..–သဆုံးသွားခဲ့ပြီး အဲ့ဒီမြန်မာနိုင်ငံသားရဲ့ရုပ်အလောင်းကို တိုင်ခွန်နထမ်လူမှုကယ်ဆေးရေးအဖွဲ့က ချွန်ဘူရီဆေးရုံကြီးဆီ ပို့ဆောင်ပေးထားလိုက်ပြီလို့ သိရှိရပါတယ်။