Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဒီနှစ်မှာတော့ အက်စတွန်ဗီလာကို ပေးပျော်စရာ မရှိတော့ဘူး၊ မန်ယူ အနိုင်ပဲ – ချမ်းမြေ့သူ၊ Special Tipper

“ပြီးခဲ့တဲ့ ၂ နှစ်က အက်စတွန်ဗီလာကို ပေးပျော်ထားပြီးပြီဗျာ၊ ဒီနှစ်တော့ သူတို့ကို မန်ယူက ပေးပျော်စရာ ဘာအကြောင်းမှ မရှိတော့ဘူး၊ မန်ယူ အနိုင်ပဲ” – ချမ်းမြေ့သူ၊ Special Tipper

—————–

“ရှေ့မှာ ၂ နှစ်ဗျ။ ဗီလာပါ့ခ်မှာ အက်စတွန်ဗီလာကို အနိုင်ပေးလိုက်၊ သရေပေးလိုက်တွေ ကျွန်တော်တို့မန်ယူက လုပ်ပေးခဲ့ပြီးပြီ။ ပြောရမယ်ဆိုရင် အက်စတွန်ဗီလာကို လျှော်ပေးတာတွေ၊ ပေးပျော်တာတွေ လုပ်ပေးပြီးပြီဗျ။ ဒီနှစ်ကတော့ ဗီလာပါ့ခ်မှာ အက်စတွန်ဗီလာကို ပေးပျော်စရာအကြောင်း မရှိတော့ဘူးဗျ။ ဗီလာပါ့ခ်ဖြစ်နေလို့သာ စကားထဲနည်းနည်း ထည့်ပြောနေရတာဗျ။ ချယ်လ်ဆီးလိုအသင်းတောင် ဟိုးရက်တွေက ဗီလာပါ့ခ်မှာ နိုင်သွားတယ်။ ဒီတော့ ကျွန်တော်တို့မန်ယူက ၂ ဂိုး ၁ ဂိုးလောက်နဲ့နိုင်ဖို့ မခက်လောက်ဘူးပေါ့ဗျာ” – Special Tipper(အားကစားကလောင်ရှင်)

“ယူနိုက်တက်က ပြီးခဲ့တဲ့ ၃ ပွဲလောက် အစ်ကိုတို့အသင်း နိုင်နေတာ ဘာလို့လဲဆိုတော့ နောက်တန်းမှာ မာတီနက်ဇ် ပြန်ပါလာတာနဲ့လည်း ဆိုင်တယ်။ အခု မာတီနက်ဇ် ပြန်နာသွားပြီ။ ဒီတော့ အက်စတွန်ဗီလာတိုက်စစ်မှာ ရှယ်ဖြစ်နေတဲ့ ဝတ်ကင်းကို ဘယ်သူထိန်းမလဲ။ တိုက်စစ်ယှဉ်မလား၊ နည်းပြယှဉ်မလား၊ ဂိုးသမားယှဉ်မလား။ အစ်ကိုတို့မန်ယူက ဗီလာထက် ဘယ်လိုမှ အသာရဖို့ မမြင်တဲ့အခါကျတော့ ယူနိုက်တက် အရမ်းကောင်းနေတယ်ဆိုရင်တောင်မှာ ဗီလာရဲ့ကွင်းမှာ သရေထက်ပိုပြီး မျှော်လင့်လို့ မရဘူးဗျ” – ချမ်းမြေ့သူ(အားကစားကလောင်ရှင်)

#MercuryVariety #MV #Mercury #MercurySportProgramme #ManchesterUnited #AstonVilla #မန်ယူ #အက်စတွန်ဗီလာ #EPL #PremierLeague #ပရီးမီးယားလိဂ် #Yangon #Myanmar