Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကြံ့ခိုင်ရေးရပ်ကွက်မှာနေ၊ ကြံ့ခိုင်ရေးအင်္ကျီဝတ်ပြီး ထောက်ပို့လုပ်နေတဲ့သူ ဖော်ထုတ်ဖမ်းဆီး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရဲ့ ကြံ့ခိုင်ရေးရပ်ကွက်မှာနေထိုင်ပြီး ကြံ့ခိုင်ရေးအင်္ကျီဝတ်ကာ ထောက်ပို့လုပ်နေတဲ့သူကို လုံခြုံရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်၊ ညနေပိုင်းမှာ ဖော်ထုတ်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသူဟာ သံဖြူဇရပ်မြို့ရဲ့ ကြံ့ခိုင်ရေးရပ်ကွက်မှာနေထိုင်ပြီး ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ မြသန်း(ခ)ဆရာစံ ဖြစ်တယ်လို့ ဆိုပါတယ်။

မြသန်း(ခ)ဆရာစံကို ခေါ်ယူစစ်ဆေးလိုက်ချိန်မှာ ပကဖအဖွဲ့တွေအတွက် သံဖြူဇရပ်မြို့ပေါ်မှာ ထောက်ပံ့ငွေတွေ လိုက်လံကောက်ခံပေးနေတယ်ဆိုတာ စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရှိရပါတယ်။

မြသန်း(ခ)ဆရာစံဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတုန်းက ရေးမြို့နယ် YPDF အဖွဲဆီကနေ GLOCK ပစ္စတို (၁)လက်၊ ကျည် (၅၀)တောင့်၊ ကျည်အိမ်(၂)ခု၊ ZORAKI M-906-TD ပစ္စတို(၁)လက်၊ ကျည်(၃၀)တောင့်၊ ကျည်အိမ်(၁)ခု ဝယ်ယူခဲ့သေးတယ်လို့ သတင်းတွေက ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လထဲမှာ မြသန်း(ခ)ဆရာစံက RETAY 84 FS ပစ္စတို (၁)လက်၊ ကျည် (၁၄) တောင့်၊ ကျည်အိမ်(၂)ခု ဝယ်ယူခဲ့သေးသလို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ၉ လုံးကျည် သေနတ် (၁) လက်နဲ့ ကျည် (၂၅) တောင့်တို့ကို မြသန်း(ခ)ဆရာစံက ဝယ်ယူလက်ခံခဲ့ကြောင်း ထပ်မံပေါ်ပေါက်တာတွေလည်း ရှိနေတဲ့အတွက် တရားခံ မြသန်း (ခ)ဆရာစံကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀ (ည)/၅၀(ဈ)/၅၂(က)နဲ့ အမှုဖွင့်အရေးယူထားလိုက်ပြီလို့ သိရှိရပါတယ်။

Close menu