မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စမ်းကြီးရပ်၊ တပ်ထိန်းတပ်အကျော် မော်လမြိုင်-မုဒုံလမ်းမကြီးပေါ်မှာ ဆိုင်ကယ်ကို ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့တဲ့ကားကို အချိန်တိုအတွင်း ဖမ်းဆီးလိုက်နိုင်တယ်လို့ သိရှိရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်၊ နေ့လည် ၁ နာရီကျော်အချိန်လောက်က အခုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး Bongo အဖြူရောင်ကားတစ်စီးက ဆိုင်ကယ်ကို ဝင်တိုက်မိကာ မောင်းနှင်ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလို တိုက်မိခဲ့လို့ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာတွေ ရသွားခဲ့ပြီး ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
မောင်းနှင်ထွက်ပြေးသွားတဲ့ အဲ့ဒီကားကို နေလည် ၃ နာရီအချိန်လောက်မှာ ဈေးကြိုရပ်ကွက်၊ စေတနာ (၄) လမ်းနေအိမ်တစ်ခုထဲ တွေ့ရှိခဲ့လို့ ဖမ်းဆီးခဲ့ပြီး လက်ရှိမှာ ယာဉ်မောင်းဖြစ်သူနဲ့ မော်တော်ယာဉ်ကို စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။