Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မုဒုံအဝင်မှာ ကားတစ်စီး အရှိန်လွန်ကာ ချောင်းထဲထိုးကျ၊ လူ ၄ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ မုဒုံမြို့အဝင် မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီးပေါ်မှာ ကားတစ်စီး အရှိန်လွန်ပြီး ကွေ့တကန်ချောင်း(နွားတံတား)အတွင်းကို ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။

ကား အရှိန်လွန်ပြီး ချောင်းထဲထိုးကျတဲ့ဖြစ်စဉ်ဟာ ဒီနေ့ ဖေဖော်ဝါရီလ ၁၀ ရက်၊ မနက် ၃ နာရီခွဲအချိန်လောက်မှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေဆီက သတင်းကြားသိရပါတယ်။

မော်လမြိုင်ဘက်ကနေ မောင်းနှင်လာတဲ့ ကွန်တိန်နာဘောက်အသေးစားမော်တော်ယာဉ်ဟာ မုဒုံမြို့အဝင် မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီးဘေးက မင်းခန့်ကျော် ဆီဆိုင်နားဆီအရောက်မှာ အရှိန်လွန်ပြီး ချောင်းထဲကို ထိုးကျသွားခဲ့တာလို့ သိရပါတယ်။

အခုဖြစ်စဥ်မှာ ယာဉ်ပေါ်ပါလာတဲ့ ကိုမင်းကျော်ထိုက်၊ ကိုဟန်ထွန်းမြတ်၊ မောင်အောင်ကောင်းမြတ် (၁၅)နှစ်နဲ့ မောင်အောင်ကျော်ထက် (၁၈)နှစ်တို့ ၄ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။

ကိုမင်းကျော်ထိုက်နဲ့ ကိုဟန်ထွန်းမြတ်တို့နှစ်ယောက်ဟာ အနီရောင်အဆင့် ပြင်းထန်းဒဏ်ရာတွေရရှိခဲ့ကြပြီး ဒဏ်ရာရရှိသူတွေကို မြန်မာ့လူငယ်(မုဒုံ)အရေးပေါ်ကယ်ဆယ်‌ရေးအဖွဲ့ကနေ မော်လမြိုင်ဆေးရုံကြီးဆီ ပို့ဆောင်ပေးထားလိုက်ပြီလို့ သိရှိရပါတယ်။