ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အပြင်ပဒံကျေးရွာ၊ အနော်ရထာလမ်းက နေအိမ်တစ်ခုရှေ့မှာ မနေ့က ည ၇ နာရီ ၂၀ မိနစ်လောက်မှာ မိသားစုဝင်တွေ စားပွဲခင်းပြီး စားသောက်နေစဉ်အခိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ အဲ့ဒီဖြစ်စဉ်ကြောင့် လူ ၁ ယောက် ေ..—သဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရှိရပါတယ်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အပြင်ပဒံကျေးရွာ၊ အနော်ရထာလမ်း၊ အိမ်အမှတ် ၃၄ မှာ အိမ်ရှင် ဦးစောလီယိုနဲ့ မိသားစုဝင် (၈) ဦးတို့ နေအိမ်ရှေ့မှာ စားပွဲခင်းပြီး စားသောက်နေစဉ်အခိုက် ဒေါ်ခင်ငြိမ်းအေးရဲ့ထိုင်ခုံအောက်ကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ လတ်တလောမှာ သတင်းကြားသိရပါတယ်။
အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်ကြောင့် စားသောက်နေသူ ၈ ဦးအနက်က ဒေါ်ခင်ငြိမ်းအေး (၃၉ နှစ်)မှာ ပေါက်ကွဲစထိမှန် ဒဏ်ရာ (မစိုးရိမ်ရ)၊ မငြိမ်းထွဋ်ခင် (၁၅ နှစ်)မှာ ပေါက်ကွဲစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ မမေမြတ်နိုး (၂၀ နှစ်)မှာ ပေါက်ကွဲ စထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နဲ့ ကိုသက်နိုင်ထွန်း (၄၆ နှစ်)မှာ ပေါက်ကွဲစထိမှန်ဒဏ်ရာ(စိုးရိမ်ရ) အခြေအနေတွေဖြစ်ပေါ်သွားခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူစဉ်အချိန်အတွင်း ကိုသက်နိုင်ထွန်းဟာ ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
လတ်တလောမှာတော့ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူတွေကို လှိုင်သာယာပြည်သူ့ဆေးရုံကြီးကနေ ကုတင် ၁၀၀ ဆေးရုံဆီကို ပြောင်ရွှေ့ဆေးကုသပေးနေပြီလို့ သတင်းကြားသိရပါတယ်။