ကားငှားတဲ့လူတွေက ယာဉ်ပိုင်ရှင်အမျိုးသားကို T-တ်ပြီး ယာဉ်ကို လုယက်ယူဆောင်တဲ့ဖြစ်စဉ်တစ်ခု ဇန်နဝါရီလ ၁၈ ရက်နေ့က ပြင်ဦးလွင်မြို့မှာ ဖြစ်ပွားသွားခဲ့တယ်လို့ သတင်းကြားသိရပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က ချမ်းအေးသာစံမြို့နယ်မှာနေထိုင်တဲ့ ကိုဆန်းမျိုးမြင့်ဆီကို အမျိုးသားတစ်ယောက်က ကားငှားဖို့ ဖုန်းဆက်ခဲ့လို့ နေအိမ်ကနေပြီး Suzuki Ertiga အဖြူရောင် ယာဉ်အမှတ် MDY 9P- 4526 ကို မောင်းနှင်ထွက်ခွာသွားခဲ့တယ်လို့ မိသားစုတွေရဲ့ရေးသားထားချက်အရ သိရှိရပါတယ်။
ဒါပေမဲ့ ည ၈ နာရီလောက်အထိ လူရော ကားပါ ပြန်ရောက်မလာလို့ မိသားစုကနေ သက်ဆိုင်ရာဆီကို ဆက်သွယ်အကြောင်းကြားခဲ့ရပြီး သက်ဆိုင်ရာက စစ်ဆေးချက်တွေအရ CCTV မှတ်တမ်းထဲမှာ ကိုဆန်းမျိုးမြင့်က မန္တလေးအထွက် အုန်းချော တိုးလ်ဂိတ်မှာ ကားကို ကိုယ်တိုင်မောင်းပြီးထွက်သွားပေမယ့်လည်း အဲ့ဒီနေ့ ညနေ ၄ နာရီအချိန်လောက် ကား ပြန်ဝင်လာတဲ့အခါ ကိုဆန်းမျိုးမြင့်ဆိုသူ ကားထဲမှာ ပြန်ပါမလာတော့ပဲ ကားငှားဖို့ ဆက်သွယ်သူလို့ ယူဆရတဲ့သူများသာ ပြန်လည်မောင်းနှင်လာတဲ့သဘော တွေ့ရှိခဲ့ရတယ်လို့ သတင်းကြားသိရပါတယ်။
ဇန်နဝါရီလ ၁၉ ရက်မှာတော့ ပြင်ဦးလွင်မြို့နယ်၊ မန်ကျည်းအင်းကျေးရွာအနီး မြစ်ကမ်းဘေးမှာ အမျိုးသား ၁ ဦး Thayဆုံးနေကြောင်း သတင်းရရှိတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တာမှာ ပျောက်ဆုံးနေတဲ့ ကိုဆန်းမျိုးမြင့် ဖြစ်နေတာကို စစ်ဆေးတွေ့ရှိလိုက်ရပြီး Thayဆုံးသူရဲ့ရုပ်အလောင်းမှာ ထိုးသွင်းဒဏ်ရာတွေ တွေ့ရှိထားတယ်လို့ အာဏာပိုင်တွေက အသိပေးထားပါတယ်။
သက်ဆိုင်ရာက တရားခံတွေကို ဖမ်းဆီးရမိနိုင်ရေးအတွက် လိုအပ်တာတွေ ဆောင်ရွက်နေပြီလို့လည်း သိရှိရပါတယ်။