နယူးကာဆယ်အသင်းတာဝန်ရှိသူတွေဟာ အသင်းရဲ့ရလဒ်တွေကို စောင့်ကြည့်နေပြီး အသင်းရဲ့ပရီးမီးယားလိဂ်ရလဒ်တွေ ထပ်ဆိုးခဲ့ရင် နည်းပြ အက်ဒီဟိုဝီကို ရာထူးထုတ်ပယ်ကာ ထိပ်တန်းနည်းပြတစ်ယောက်ကို ခန့်အပ်သွားတော့မယ်လို့ သိရပါတယ်။
နယူးကာဆယ်အသင်းတာဝန်ရှိသူတွေဟာ မော်ရင်ညိုနဲ့ ကွန်တီတို့အနက်က တစ်ယောက်ကို နည်းပြသစ်အဖြစ် ခေါ်ယူဖို့ ရည်ရွယ်ချက်ထားရှိနေပြီး ပရီးမီးယားလိဂ်ရလဒ်တွေ ထပ်ဆိုးလို့ ဥရောပဝင်ခွင့်တစ်နေရာစာရရှိရေးအတွက် မရေမရာဖြစ်လာခဲ့ရင် လက်ရှိနည်းပြ အက်ဒီဟိုဝီကို ရာထူးကထုတ်ပယ်တော့မှာ သေချာနေပြီလို့ သတင်းမီဒီယာတွေက ရေးသားနေပြီဖြစ်ပါတယ်။
နယူးကာဆယ်ဟာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲမှာ ၁ ပွဲတည်းသာ အနိုင်ရထားပြီး ၆ ပွဲ ရှုံးနိမ့်ထားပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့အဆင့် ၁၀ နေရာဆီကို နယူးကာဆယ်က ရောက်ရှိနေပြီး ရလဒ်တွေ ထပ်ပြီး ဆိုရွားခဲ့ရင် ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ် ဝင်ကစားခွင့်တစ်နေရာ ရနိုင်ဖို့က ခက်ခဲသွားနိုင်ပါတယ်။