ဂျပန်အသင်းရဲ့နိုင်ပွဲဆက်နေတဲ့စံချိန်တွေကို အီရတ်က ရပ်တန့်အဆုံးသတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အီရတ်ဟာ အာရှဖလား အုပ်စုအဆင့်ပွဲစဉ်မှာ ဂျပန်ကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ယူပြီး ဂျပန်ရဲ့စံချိန်ကို ရပ်တန့်ပစ်လိုက်တာပဲဖြစ်ပါတယ်။
အီရတ်ဟာ ပထမပိုင်း ၄၅ မိနစ်ပြီးဆုံးချိန်ကတည်းက ဂျပန်ကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ချေပဂိုးတစ်ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုကိုရောက်မှသာ ဂျပန်က သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဂျပန်နဲ့ အီရတ်တို့ရဲ့ပွဲဟာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ဆီကို ဘယ်အသင်းတက်ရောက်နိုင်မယ်ဆိုတာ အဆုံးအဖြတ်ပေးတဲ့ပွဲမျိုး ဖြစ်ခဲ့ပြီး အခုပွဲစဉ်မှာ အီရတ်က အနိုင်ရသွားခဲ့လို့ အုပ်စုဗိုလ်နေရာကိုရဖို့အတွက် နီးစပ်သွားပြီပဲဖြစ်တယ်။
လက်ရှိမှာ အီရတ်က ရမှတ် ၆ မှတ်နဲ့အတူ အုပ်စုကို ဦးဆောင်ထားပြီး ဂျပန်ကတော့ ရမှတ် ၃ မှတ်နဲ့ အုပ်စုဒုတိယနေရာ ရရှိထားပါတယ်။ ဒီအုပ်စုမှာ ပါဝင်နေတဲ့ နောက်ထပ် ၂ သင်းကတော့ အီရတ်နဲ့ ဂျပန်တို့ထက် နိမ့်ပါးတဲ့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ ဖြစ်ပါတယ်။