Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အဝတ်လဲခန်းထဲမှာ အင်စတာဂရမ် သုံးနေတဲ့ နောက်ပေါက်တွေ တွေ့ရင် ဘေ့စ်ဘောတုတ်တံယူပြီး သွားကို ရိုက်ချိုးပစ်ချင်သူ ရိုးမားနည်းပြသစ်

မော်ရင်ညိုကို ရာထူးထုတ်ပယ်လိုက်ပြီးတဲ့နောက် မော်ရင်ညိုရဲ့နေရာမှာ ရိုးမားနည်းပြသစ်အသစ် တာဝန်ပေးလိုက်သူ ရိုးမားသစ္စာတော်ခံ ကစားသမား ဒီရော့စီ ဟာ နာမည်ကျော်စကားတစ်ခွန်းကို ပြောခဲ့ဖူးပါတယ်။

အထူးသဖြင့် အခုခေတ် နောက်ပေါက် လူငယ်ဘောလုံးသမားတွေက ပွဲကစားဖို့အတွက် အဝတ်လဲခန်းထဲဝင်လာရင်တောင် အွန်လိုင်းဖွင့်ပြီး အင်စတာဂရမ် သုံးနေတတ်လေ့ရှိတာကို ဒီရော့စီက လုံးဝ သဘောမကျပါဘူး။

အဲ့ဒီလို နောက်ပေါက် လူငယ်ကစားသမားတွေကို မြင်ရင်၊ တွေ့ရင် ဘေ့စ်ဘောရိုက်တဲ့တုတ်တံကို ပြေးယူပြီး သွားတွေကိုချည်း ရိုက်ချိုးပစ်လိုက်ချင်တယ်လို့ ဒီရော့စီက ပြောခဲ့ဖူးပါတယ်။

ဒီရော့စီ ဟာ ကစားသမားဘဝတုန်းကလည်း မဟုတ်မခံ ချက်ချင်းတုံ့ပြန်တတ်လေ့ရှိတဲ့ ခပ်ကြမ်းကြမ်း ကစားသမားတစ်ယောက်ပါ။

“ပွဲတစ်ပွဲ မစခင်အချိန်မှာ နောက်ပေါက်လူငယ်ကစားသမားတွေက အသင်းတွေရဲ့အဝတ်လဲခန်းထဲ ပွဲကို အာရုံမစူးစိုက်ဘဲ အင်စတာဂရမ် သုံးနေတာကို မြင်ရရင် ကျွန်တော် ဘေ့စ်ဘောရိုက်တံ ပြေးယူချင်စိတ်ပဲ ဖြစ်မိတယ်။ အဲ့ဒီရိုက်တံနဲ့ သူတို့ရဲ့သွားတွေကိုချည်း ရိုက်ချိုးပစ်ချင်တာပါ”ဆိုတာက ဒီရော့စီ ပြောခဲ့ဖူးတာပါ။

ဒေါသကုမ္မာရကြီး ဒီရော့စီ ဟာ ရိုးမားကို နည်းပြတစ်ယောက်ရဲ့နေရာကနေ ဘယ်လိုဦးဆောင်သွားလေမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။