Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မော်ရင်ညို ရာထူးထုတ်ပယ်ခံရတဲ့နေ့ဟာ ရောမမြို့ ၂,၇၇၈ နှစ်ပြည့်နေ့နဲ့ တိုက်ဆိုင်၊ ရိုးမားသစ္စာတော်ခံ ဒီရော့စီကို ရိုးမာနည်းပြသစ်အဖြစ် ခန့်

ရိုးမားနည်းပြရာထူးကနေ မော်ရင်ညို ထုတ်ပယ်ခံလိုက်ရတဲ့နေ့ဟာ ရိုးမားအသင်းအခြေစိုက် ရောမမြို့ကြီး ၂,၇၇၈ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။

ရိုးမားအသင်းတာဝန်ရှိသူတွေဟာ အသင်းရဲ့ရလဒ်တွေ ဆိုးရွားလာခဲ့ပြီးတဲ့နောက် မော်ရင်ညိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မော်ရင်ညိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက် အသင်းသစ္စာတော်ခံကစားသမားဟောင်းတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ဖူးတဲ့ ဒီရော့စီကို ရိုးမားနည်းပြအဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း ရိုးမားက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီရော့စီ ဟာ ရိုးမားကို ၆ လသက်တမ်းစာချုပ်နဲ့ လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်ထိတိုင် တာဝန်ယူသွားပေးမယ်လို့ ဆိုပါတယ်။

ဒီရော့စီဟာ ကစားသမားဘဝ အနားယူခါနီးမှာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာဆီကို ဘောလုံးတစ်ရာသီကြာ သွားရောက်ကစားခဲ့တာကလွဲလို့ ရိုးမားတစ်သင်းတည်းအတွက်ပဲ စွဲမြဲစွာ ပေးဆပ်ကစားခဲ့သူဖြစ်ပါတယ်။