စီးရီးအေ ထိပ်သီးအသင်းကြီးဖြစ်တဲ့ ရိုးမားဟာ အသင်းနည်ပြ မော်ရင်ညိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။
နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ် ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲတည်းသာရရှိတဲ့ဖြစ်စဉ်၊ ကိုပါအီတာလီယာဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက် ရိုးမားဒါရိုက်တာဘုတ်အဖွဲ့ဟာ မော်ရင်ညိုကို ရာထူးကနေထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
မော်ရင်ညိုဟာ ရိုးမားကို ၂၀၂၁-၂၂ ဘောလုံးရာသီတုန်းက ရိုးမားကို ယူရိုပါကွန်ဖရန့်လိဂ် ဆွတ်ခူးရရှိစေခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း ရိုးမားကို ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်အောင် မော်ရင်ညိုက ဦးဆောင်ခဲ့ပါတယ်။