Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘာဟူဘာလီမင်းသားရဲ့ Salaar: Part 2 ၂၀၂၅ မှာ ထွက်လာဖို့ရှိတယ်လို့ ထုတ်လုပ်သူဘက်က အတည်ပြုလိုက်ပြီ

———————-

ဘာဟူဘာလီမင်းသား ပရာဘာစ်နဲ့ ရူရ်သီးဟာစန်တို့ရဲ့ တေလဂူစကားပြော အက်ရှင်ကား Salaar : Part 1 – Ceasefire (2023) ဟာ ဝင်ငွေအရ အောင်မြင်မှုများစွာရရှိနေပြီး Salaar: Part 2 ကိုလည်း ၂၀၂၅ မှာ ထွက်လာဖို့ရှိတယ်လို့ ထုတ်လုပ်သူဘက်က အတည်ပြုလိုက်ပြီလို့သိရပါတယ်။

ရုံတင်ရက် (3)ရက်နဲ့တင် ရင်းထားတဲ့ဘတ်ဂျက်ရူပီးကုဋေ ၄၀၀ ကျော်ပြန်ရတဲ့ Salaar: Part 1 – Ceasefire ဟာ အက်ရှင်အမိုက်စားမှကြိုက်တဲ့ ပရိတ်သတ်တွေရဲ့ အသည်းခိုက်စရာရုပ်ရှင်ဖြစ်လို့နေပါတယ်။

Salaar: Part 1 – Ceasefireကို Hombale ကုမ္ပဏီကနေ ဖြန့်ချိထုတ်လုပ်ထားတာဖြစ်ပြီး အင်တာဗျူးတစ်ခုမှာ ထုတ်လုပ်သူဘက်က Salaar: Part 2 အတွက် ဇာတ်ညွှန်းအဆင်သင့်ရှိနေပြီဖြစ်သလို ရိုက်ကူးရေးကာလ ၁၅ လ ဝန်းကျင်အချိန်ယူ ရိုက်ကူးသွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားလာပါတယ်။

Salaar: Part 1 – Ceasefire ကို နာမည်ကျော် KGF ရုပ်ရှင်နှစ်ကားတွဲရဲ့ဒါရိုက်တာ Prashanth Neel က ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာနေရာကနေ တာဝန်ယူရိုက်ကူးထားတာဖြစ်ပါတယ်။

လတ်တလောမှာ Salaar: Part One -Ceasfire ကို ရုံတင်ပြသလျက်ရှိပြီး ရုံတင်ငွေစုစုပေါင်းဟာ ဒေါ်လာ ၇၈ သန်း ဝန်းကျင်ရရှိထားတဲ့အပြင် ၂၀၂၃ ရဲ့ ရုံတင်ငွေအမြင့်ဆုံး အိန္ဒိယရုပ်ရှင်‌တွေထဲမှာ ပဉ္စမမြောက်နေရာအဖြစ် ရပ်တည်နေပါတယ်။

3