————————
ထူးခြားလှပတဲ့အသံကို ပိုင်ဆိုင်ထားလို့ အမေရိကန်ပေါ့ပ်ဘုရင်မလို့ တင်စားကြတဲ့ အသက် ၄၂ အရွယ် ဘရစ်တနီစပီးယားဟာ ဂီတလောကထဲ ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
နောက်ထပ် အယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်နေတယ်လို့ ရေးသားနေတဲ့ လတ်တလော သတင်းတွေကို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။ ဘရစ်တနီရဲ့ ၉ ခုမြောက် နောက်ဆုံးအယ်လ်ဘမ်ဟာ ၂၀၁၆ ခုနှစ်က ထုတ်ခဲ့တဲ့ “Glory” ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်မှာ Jives တေးသံသွင်းကုမ္ပဏီကြီးနဲ့လက်တွဲပြီးတစ်ကိုယ်တော် အဆိုတော်အနေနဲ့ ရပ်တည်လာခဲ့တဲ့ ကမ္ဘာကျော် ပေါ့ပ်ဘုရင်မကြီးဟာ သူသီဆိုခဲ့တဲ့ သီချင်းတော်တော်များများကို ကိုယ်တိုင်ရေးစပ်ခဲ့သူဖြစ်ပါတယ်။
ကိုယ်ပိုင်အသံက ဘုရားပေးထားတယ်လို့ တင်စားရလောက်အောင် ထူးခြားလှပပြည့်စုံတဲ့ ဘရစ်တနီရဲ့အဆိုတော်ဘဝခရီးလမ်းတစ်လျှောက်ဟာကိုယ်ရေးကိုယ်တာ ပြဿနာတွေကြောင့် မဖြောင့်ဖြူးခဲ့ပါဘူး။
ဘရစ်တနီဟာ ဂီတလောကထဲ ပြန်မလာပေမယ့် တခြားအဆိုတော်တွေအတွက်နောက်ကွယ်ကနေ သီချင်းတွေရေးစပ်ပေးနေမှာလို့ဆိုပါတယ် ။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း သီချင်း ၂၀ ကျော်ရေးသားခဲ့ပါသေးတယ်။သူမရဲ့ခွင့်ပြုချက်မရဘဲ ထုတ်ဝေခဲ့တဲ့ “The Woman in Me” ဆိုတဲ့ အတ္ထုပ္ပတ္တိဟာ လက်ရှိအမှန်တရားနဲ့ ကင်းကွာနေတယ်လို့လည်း ပေါ့ပ်ဘုရင်မကြီးက ပြောဆိုလိုက်ပါတယ်။