Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဖောက်ပြန်တဲ့ခင်ပွန်းသည်ကြောင့် ဆုံး-ပါးခဲ့ရတဲ့ ကင်ဆာသည်ဇာတ်ရုပ်နဲ့ တူအောင် ပေါင် ၈၀ အထိ ဝိတ်ချခဲ့လို့ ပတ်မင်ယောင်ကို ပရိတ်သတ်တွေချီးကျူး-

————————————

ဆိုးလ် ၊ ဇန်နဝါရီ ၄

“Marry My Husband” ဇာတ်လမ်းတွဲမှာ အိမ်ထောင်ရေးမပျော်ရွှင်ရတဲ့ အရိုး‌ပေါ်အရေတင် ကင်ဆာရောဂါသည် ဇနီးသည်တယောက်လို ပီပြင်ဖို့အတွက် ပေါင် ၈၀အထိ ဝိတ်ချခဲ့တဲ့ ပတ်မင်ယောင်ကို ပရိတ်သတ်တွေ ချီးကျူးခဲ့ကြပါတယ်။

အပတ်စဉ် တနင်္လာနဲ့အင်္ဂါမှာ စတင်ထုတ်လွှင့်ပြသနေပြီဖြစ်တဲ့ “Marry My Husband” ဇာတ်လမ်းတွဲမှာ ကင်ဆာရောဂါသည်လို မိနစ်အနည်းငယ်သာ သရုပ်ဆောင်ရပေမယ့် ပတ်မင်ယောင်ဟာ ပေါင် ၈၀အထိ ဝိတ်ချပြီး အသေးစိတ်ကအစ ပြင်ဆင်ခဲ့ပါတယ်။

ပတ်မင်ယောင်ဟာ ရိုက်သမျှဇာတ်လမ်းတွဲတိုင်းကို အသေးစိတ်ကအစ ဂရုတစိုက် ပြင်ဆင်ရိုက်ကူးတတ်တဲ့ ထူးထူးခြားခြား တောင်ကိုးရီးယားမင်းသမီတွေထဲက တစ်ဦးဖြစ်ပါတယ်။

ဇာတ်လမ်းတိုင်းမှာ စွယ်စုံရတဲ့ အမိုက်စားသရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ ပတ်မင်ယောင်ဟာ ဆုတံဆိပ်များစွာကို လက်ခံရရှိထားသူလည်းဖြစ်ပါတယ်။

ပတ်မင်ယောင်ဟာ “Marry My Husband” ဇာတ်လမ်းတွဲမှာ ကင်ဆာရောဂါခံစားနေရတဲ့အပြင် ဖောက်ပြန်တဲ့ ခင်ပွန်းသည်ကြောင့် ‌ေ-သဆုံးခဲ့ရလို့ အတိတ်ကိုအချိန်ခရီးသွားပြီး သူ့ကံကြမ္မာကို ပြန်လည်ပြင်ဆင်မယ့် ဂန်ဂျီဝန်းအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူမနဲ့အတူ Waikiki ဇာတ်လမ်းတွဲက နာမည်ကြီးမင်းသားဖြစ်တဲ့ လီအီဂယောင်းလည်း ပါဝင်ထားပါတယ်။#Marry_my_husband#Mercury_Media