ရန်ကုန်၊ ဇန်နဝါရီ ၄
အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃-က နဲ့ ထောင်ဒဏ် ကျခံနေရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်လ် နန်းမွေစံတို့ဟာ ဒီနေ့ ဇန်နဝါရီ (၄) ရက် လွတ်လပ်ရေးနေ့မှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာကြပြီလို့ သိရှိရပါတယ်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်လ် နန်းမွေစံတို့ဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက အီလက်ထရွန်နစ်ဥပဒေနဲ့ တရားစွဲဆိုခံခဲ့ကြရပြီးနောက် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတာပါ။
လက်ရှိမှာတော့ လွတ်လပ်ရေးနဲ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်လိုက်လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်လ် နန်းမွေစံတို့ နှစ်ယောက်လုံးဟာ ပြန်လည်လွတ်မြောက်လာခဲ့ကြပြီပဲဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်လ် နန်းမွေစံတို့ဟာ ထောင်ဒဏ်ကျခံခဲ့ရပြီး ၁ နှစ်ခွဲအကြာမှာ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိခဲ့ကြတာဖြစ်ပါတယ်။