စီရော်နယ်ဒိုရဲ့လက်ရှိဘောလုံးရာသီအတွင်း တစ်ကိုယ်တော် ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးမှု စုစုပေါင်းက မန်ယူတစ်သင်းလုံး ရရှိထားတာထက် ပိုများနေတယ်လို့ သိရှိရပါတယ်။
မန်ယူနည်းပြ အီရစ်ခ်တန်းဟတ်ဂ်ဟာ ပီးယာ့စ်မော်ဂန်နဲ့အင်တာဗျူးခဲ့တဲ့ စီရော်နယ်ဒိုကို အသင်းကနေ ထွက်ခွာစေဖို့အတွက် အဓိကကျခဲ့သူပါ။
လက်ရှိအချိန်မှာတော့ ပီးယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ စီရော်နယ်ဒို ပြောခဲ့တာတွေက မှန်တာထက်တောင် ပိုနေပြီဖြစ်ပါတယ်။
စီရော်နယ်ဒိုဟာ ပြက္ခဒိန်နှစ်အနေနဲ့မဟုတ်ဘဲ လက်ရှိဘောလုံးရာသီအနေနဲ့ပဲ တွက်ချက်လိုက်ရင် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု နှစ်ခုပေါင်းပြီး ၄၁ ကြိမ် ရှိထားပါတယ်။
မန်ယူကတော့ ပြိုင်ပွဲအရပ်ရပ်မှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု နှစ်ခုပေါင်းပြီး ၃၇ ကြိမ်ပဲ ရှိထားလို့ စီရော်နယ်ဒိုတစ်ယောက်တည်းရဲ့စွမ်းဆောင်ရည်ထက် မန်ယူတစ်သင်းလုံးပေါင်းရဲ့စွမ်းဆောင်ရည်က ၄ ကြိမ် လျော့နည်းနေတာကို မြင်တွေ့ရပါလိမ့်မယ်။