Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

“ကျွန်မကရုပ်ရှင်မင်း သမီးပဲဖြစ်ချင်ခဲ့တာပါ” ဆိုတဲ့ ဆယ်လီနာဂိုးမက်စ် ဂီတလောကကနေ အနားယူဖွယ်ရှိ

ကျွန်မက ရုပ်ရှင်မင်း သမီးပဲ ဖြစ်ချင်ခဲ့တာပါ။ အဆိုတော်ကို အချိန်ပြည့်လုပ်မယ်လို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး” လို့ Variety က SmartLess ပို့စ်ကတ်ရဲ့ နောက်ဆုံးအပိုင်းမှာ သူမရဲ့ဝါသနာနှစ်ခုကို မေးမြန်းတဲ့အချိန်မှာ ဆယ်လီနာဂိုးမက်စ်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

အသက်၃၁နှစ်အရွယ် နာမည်ကြီး အမေရိကန် ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ ဆယ်လီနာဂိုးမက်စ်ဟာ နောက်ထပ်အယ်လ်ဘမ်တစ်ချပ်ထွက်ရှိပြီးရင် ဂီတလောကထဲကနေ အနားယူပြီး သရုပ်ဆောင်ဘက်ကို ပိုအာရုံစိုက်သွားမယ်လို့ဆိုပါတယ်။

ဆယ်လီနာဟာ ကလေးဘဝကတည်းက “Barney & Friends” စီးရီးနဲ့ သရုပ်ဆောင်လောကထဲ ရောက်လာခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ “Cruella de Vil” ဆိုတဲ့ ပထမဆုံးသီချင်းနဲ့ ဂီတလောကထဲရောက်လာခဲ့သူဖြစ်ပါတယ်။

အဆိုတော်၊သရုပ်ဆောင်၊ Rare Beauty ရဲ့ ပဲ့ကိုင်ရှင်လည်းဖြစ်တဲ့ သူမဟာ နောက်ထပ်အယ်လ်ဘမ်တစ်ချပ်ထွက်ရှိပြီးရင် ဂီတလောကကို တကယ်ပဲစွန့်ခွာသွားတော့မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဂီတလောကကို နှုတ်ဆက်သွားပေမယ့်လည်း ရွှေမင်းသမီးအဖြစ် ပိတ်ကားထက်မှာဆက်လက်ကြည့်ရှုရဦးမှာမို့ ဆယ်လီနာရဲ့ပရိတ်သတ်တွေကတော့ ကျေနပ်နေကြပါတယ်။