Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နှစ်သစ်ကူးငလျင်ကြီးကြောင့် ဂျပန်မှာ အ-သ-က် ဆုံး-ရှုံးမှု ထပ်မံတိုးမြင့်လာ

တိုကျို၊ ဇန်နဝါရီ ၃

ဂျပန်နိုင်ငံ၊ အီရှီကာဝါခရိုင်မှာ နှစ်သစ်ကူးနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် အနည်းဆုံး လူပေါင်း ၆၀ ကျော်အ-သက်ဆုံးရှုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ‌ေ-သ–ဆုံးသူ အရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိတယ်လို့လည်း တာဝန်ရှိသူ‌တွေက သတိပေးထားပါတယ်။

ကနဦးသတင်းတွေမှာ အ–ေ-သအပျောက် စာရင်းကို ၈ ဦးလို့ ထုတ်ပြန်ထားပေမယ့် ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးတွေအောက်ကအလောင်းတွေကို ထပ်မံတွေ့ရှိလာတာဖြစ်တဲ့အတွက် ‌ေ-သ-ဆုံးသူဦးရေ တိုးမြင့်လာနိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁ ရက်က ဂျပန်နိုင်ငံ ၊ အီရှီကာဝါခရိုင်၊ နိုတိုကျွန်းဆွယ်ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇.၆အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုအန္တရာယ်‌တွေပါ မြင့်တက်လာခဲ့ပါတယ်။

ငလျင်ကြောင့် နိုတိုကျွန်းဆွယ်တဝိုက် ထိခိုက်ပျက်စီးမှုတွေ အများအပြားဖြစ်ပေါခဲ့သလို ကမ်းခြေကိုလည်း ၁ မီတာလောက် အမြင့်ရှိတဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်ခဲ့ပါတယ်။

မြောက်ဘက်ပိုင်းကမ်းရိုးတန်းက ဆူဇူမှာနေအိမ်တွေ ပြားချပ်သွားပြီး အနီးနားမှာရှိတဲ့ ဝဂျီမမြို့မှာတော့အစိတ်အပိုင်းအချို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

နိုတိုကျွန်းဆွယ်ဒေသကတော့ ငလျင်ဒဏ်ကို အဆိုးဆုံးခံခဲ့ရပြီး အိမ်တွေပြိုကျ၊ အဆောက်အအုံတွေပြိုကျ ၊ ကတ္တရာလမ်းတွေ ကွဲအက်ကုန်တာတွေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

လူပေါင်း ၃၁,၈၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပြီး မြန်မာလူမျိုးတချို့လည်းပါဝင်နေတယ်လို့သိရပါတယ်။