ဘူဆန်၊ ဇန်နဝါရီ ၂
တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင်ဟာ မီဒီယာတွေရဲ့ရှေ့မှာ လည်ပင်းကို ဓားနဲ့ထိုးခံလိုက်ရတယ်လို့ သတင်းကြားသိရပါတယ်။
၂၀၂၂ ရွေးကောက်ပွဲတုန်းက မဲကွာဟချက် အနည်းအကျဉ်းလောက်နဲ့ပဲ အရေးနိမ့်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် လီဂျေးမြောင် ဟာ ဘူဆန်မြို့ဆီကို အလည်အပတ်ခရီးသွားရောက်ခဲ့ချိန်မှာ အခုလို အခြေအနေဆိုးနဲ့ ကြုံဆုံခဲ့ရတာပါ။
မီဒီယာတွေက လီဂျေးမြောင် ကို ဝိုင်းရံပြီး မေးခွန်းတွေ မေးနေချိန်မှာ လူတစ်ယောက်က လီဂျေးမြောင်ရဲ့လည်ပင်းကို ဓားနဲ့ ဝင်ထိုးခဲ့တာပါ။
လီဂျေးမြောင်ရဲ့လည်ပင်းမှာ တစ်စင်တီမီတာလောက် ပြတ်ရှဒဏ်ရာရသွားခဲ့ပြီး လက်ရှိမှာတော့ လီဂျေးမြောင်ကို ဆေးရုံဆီ တင်ပို့ထားပြီဖြစ်ကာ ဒဏ်ရာက ပြင်းထန်ခြင်း မရှိဘူးလို့ ဆရာဝန်တွေက သတင်းထုတ်ပြန်လိုက်ပြီလည်းဖြစ်ပါတယ်။
လီဂျေးမြောင် ကို တိုက်ခိုက်ခဲ့တဲ့ အသက် ၆၆ နှစ်အရွယ်အမျိုးသားဟာ သ–..-.တ်ဖို့အတွက် ရည်ရွယ်ချက်ထားခဲ့တာ သေချာလှတယ်လို့ Yonhap သတင်းဌာနက ရေးသားထားပါတယ်။
လီဂျေးမြောင် ကို နေ့လည်နေ့ခင်းအချိန်ကြီးမှာ မီဒီယာတွေရဲ့ရှေ့မှောက် ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကြောင့် တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ရတယ်လို့ လက်ရှိသမ္မတ ယွန်းဆပ်ခ်ယိုးလ်နဲ့ တခြားနိုင်ငံရေးပါတီအသီးသီးက ကြေညာချက်တွေ ထုတ်ပြန်နေကြပြီလည်းဖြစ်ပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးဘဲ ရဲတွေဘက်က စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေဆဲပဲဖြစ်တယ်လို့ သိရှိရပါတယ်။