ဒီဇင်ဘာ ၃၀ပါလက်စတိုင်း၊ ဂါဇာကမ်းမြှောင်တစ်လျှောက်က စာသင်းကျောင်း ၃၅၂ ကျောင်းဟာ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲတွေကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ပြီလို့ ဆိုပါတယ်။
အစ္စရေးဘက်က လေကြောင်း၊ရေကြောင်းအပါအဝင် ဘက်ပေါင်းစုံကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတွေအပါအဝင် ဂါဇာအလယ်ပိုင်းက ဒုက္ခသည်စခန်းတွေမှာ ဝင်ရောက်ခိုလှုံနေသူတွေပါ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။
စစ်ပွဲရဲ့နောက်ဆက်တွဲ ဆိုးကျိုးကြောင့်ကျောင်းသားပေါင်း ၄၀၀,၇၀၀ ကျော်ပါ ပညာရေးထိခိုက်ခဲ့ရတဲ့အပြင် တစ်ချို့ တစ်ဝက်ဟာ အိုးမဲ့၊အိမ်မဲ့နဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ NGO ပညာရေးအဖွဲ့အစည်းတွေရဲ့ စစ်တမ်းတွေက ဆိုပါတယ်။
စစ်ဘေးရှောင်ခိုလှုံနေရတဲ့ ကလေးငယ်တွေဟာ ပညာဆက်လက်သင်ကြားနိုင်နေနေသာသာ အသက်ရှင်ရေးကိုတောင် အာမမခံနိုင်တော့တာကြောင့် မျှော်လင့်ချက်မဲ့နေတဲ့ အနာဂတ်နဲ့ရင်ဆိုင်နေရတယ်လို့ လူမှုအကျိုးပြုအဖွဲ့အစည်းတစ်ချို့ကဆိုပါတယ်။#Mercurymedia#ပါလက်စတိုင်း#အစ္စရေး