Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သမီးနဲ့ သားမက်က အိမ်ကနေ နှင်ချလိုက်လို့ သူတစ်ပါးရဲ့ဝက်တဲလေးမှာ လာနေထိုင်ရသူ အဖွား ဒေါ်ဝင်းကြည်

သမီးနဲ့ သားမက်က အိမ်ကနေ နှင်ချလိုက်လို့ သူတစ်ပါးရဲ့ဝက်တဲလေးမှာ လာနေပြီး ဘဝကို အထီးကျန်စွာ ခက်ခက်ခဲခဲ ဖြတ်သန်းနေရသူ အဖွား ဒေါ်ဝင်းကြည်
———————–
အဖွား ဒေါ်ဝင်းကြည်ရဲ့ဘဝက အရမ်းပဲ သနားစရာ ကောင်းလှပါတယ်။ သမီးနဲ့ သားမက်တို့က အိမ်ကနေ နှင်ချလိုက်လို့ သူတစ်ပါးက နေဖို့ပေးထားတဲ့ ဝက်တဲလေးထဲမှာ လာနေထိုင်ရပြီး ဘဝကို အထီးကျန်စွာနဲ့ အဖွား ဒေါ်ဝင်းကြည်က ဖြတ်သန်းနေရပါတယ်။ သားမက်နဲ့ သမီးတို့ နေထိုင်တဲ့အိမ်လေးမှာ နေထိုင်တုန်းကလည်း အဖွား ဒေါ်ဝင်းကြည်ကို အိမ်ရှေ့က အဖီလေးမှာပဲ ထားခဲ့တာပါ။ အဲ့ဒီတုန်းကလည်း စားဖို့သောက်ဖို့အတွက် ကိုယ့်ဟာကိုယ် ရှာဖွေစားသောက်ခဲ့ရတယ်လို့ အဖွား ဒေါ်ဝင်းကြည်က ရင်ဖွင့်ပါတယ်။ သားမက်ဖြစ်သူကဆိုရင် အိမ်ပေါ်က နှင်ချတဲ့အချိန်မှာ “ဒီလမ်းထဲကိုတောင် နင့်အမေ ဖြတ်မလျှောက်စေနဲ့…ငါ မမြင်ချင်ဘူး”လို့ သူ့သမီးကို ပြောခဲ့ကြောင်း အဖွား ဒေါ်ဝင်းကြည်က အသိပေးပါတယ်။ သားမက်နဲ့ သမီးတို့က အိမ်ကနေ နှင်ချလိုက်ချိန်မှာ ဘယ်ဆီဘယ်ဝယ် သွားနေရမယ်မသိဘဲ လမ်းပျောက်နေစဉ်အခိုက် အသိတစ်ယောက်က သူ့ရဲ့ဝက်တဲထဲမှာ လာနေရင် ရပါတယ်ပြောလို့ ဒီနေရာမှာ လာနေဖြစ်သွားတာလို့ အဖွား ဒေါ်ဝင်းကြည်က ပြောပြပါတယ်။ အဖွား ဒေါ်ဝင်းကြည်ဟာ သားမက်နဲ့ သမီးတို့ရဲ့အိမ်ကို ဇန်နဝါရီလမှာ သွားရောက်နေထိုင်ခဲ့ပြီး မေလကုန်ခါနီးအချိန်မှာ နှင်ချခံလိုက်ရတာပါ။ လတ်တလောမှာတော့ ခင်မင်ရင်းနှီးသူတွေ၊ သူ့အကြောင်းကို ကြားသိသူတွေက ကျွေးမွေးစောင့်ရှောက်ထားသလို စားစရာ မရှိတဲ့နေ့ကိုရောက်ရင် ဘုန်းကြီးကျောင်းတွေဆီ သွားရောက်ပြီး အဖွား ဒေါ်ဝင်းကြည်က စားသောက်နေပါတယ်။ သမီးနဲ့ သားမက်က အိမ်ကနေ နှင်ချလိုက်လို့ နေထိုင်စရာမရှိတော့ဘဲ သူတစ်ပါးရဲ့ဝက်တဲလေးမှာ လာနေပြီး ဘဝကို တစ်ကိုယ်တည်း အထီးကျန်စွာ ဖြတ်သန်းနေရသူ အဖွား ဒေါ်ဝင်းကြည်ရဲ့ဘဝက စိတ်မကောင်းဖြစ်စရာကောင်းလှတာမို့ Mercury Variety ပရိသတ်တွေ သိရှိနိုင်အောင် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ဒေါ်ဝင်းကြည် #DawWinKyi #သမီး #သားမက် #အိမ်ကနှင်ချ #Family #ဘဝရပ်တည်မှု #ဝက်တဲ #စားရေးသောက်ရေး #ဘုန်းကြီးကျောင်း #အထီးကျန် #နေထိုင်စရာ #Yangon #Myanmar