Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အရိုးအသားတွေ ပုတ်ပွကာ ပြတ်ကျကုန်လို့ ခြေထောက်အမြန်ဖြတ်ချင်နေသူ ကိုအေးကို

သွေးကြောပိတ်လို့ ခြေတစ်ဖက် ဖြတ်လိုက်ရပြီး နောက်တစ်ဖက်ကလည်း အရိုးတွေပုတ်ပွကာ ပြတ်ကျကုန်လို့ ခြေထောက်အမြန်ဖြတ်ချင်နေသူ ကိုအေးကို
——————————
လူတစ်ယောက်ဟာ ခြေစုံ လက်စုံ ကိုယ်အင်္ဂါအစုံနဲ့ နေထိုင်ချင်သူတွေချည်းပါပဲ။ ကိုအေးကို ကတော့ အခု သူ့ရဲ့ခြေထောက်တစ်ဖက်ကို အမြန်ဆုံးဖြတ်ပစ်ချင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီခြေထောက်က အရိုးတွေ၊ အသားတွေဟာ ပုတ်ပွပြီး နေ့စဉ်တိုင်းလိုလို ပြတ်ကျနေလို့ပါပဲ။ သွေးကြောပိတ်ရောဂါကြောင့် ကိုအေးကို ဟာ အခုလိုဖြစ်ရပ်ဆိုးကို ရင်ဆိုင်နေရတာပါ။ သူ့ရဲ့ခြေထောက်တစ်ဖက်ကိုလည်း အရိုးတွေ အသားတွေ ပုတ်ပွပြတ်ကျကုန်လို့ ကိုအေးကိုက ဖြတ်တောက်ခဲ့ရပြီးပါပြီ။ အဲ့ဒီကာလတုန်းက ကျန်ရှိနေတဲ့ ခြေတစ်ဖက်ဟာ အခုလို မဖြစ်သေးပါဘူး။ ဒါပေမဲ့ ခြေထောက်တစ်ဖက် ဖြတ်လိုက်ပြီးတဲ့နောက် ကျန်ရှိနေတဲ့ ခြေထောက်တစ်ဖက်ကပါ အခုလို ထပ်ဖြစ်လာတဲ့အတွက် ကိုအေးကို ဟာ ဝေဒနာကို မခံစားနိုင်တော့ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ညတွင်းချင်းပဲ ကျန်ရှိနေတဲ့ ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်လိုက်ချင်ကြောင်း ကိုအေးကို က ရင်ဖွင့်ပါတယ်။ ကိုအေးကို ဟာ လမ်းဘေးတစ်နေရာမှာ နေထိုင်ရသူပါ။ သူ့မှာ အိမ်အပိုင်လည်း မရှိပါဘူး။ ကိုအေးကိုရဲ့မိခင်ကလည်း သူတစ်ပါးအိမ်မှာ အလုပ်,လုပ်ပြီး အဲ့ဒီအိမ်မှာ နေရတာပဲဖြစ်ပါတယ်။ သားဖြစ်သူကို ညစဉ်တိုင်း လာရောက်ပြီး မစောင့်ရှောက်ပေးနိုင်တဲ့အတွက် အရမ်းပဲ စိတ်မကောင်းဖြစ်ရကြောင်း ကိုအေးကိုရဲ့မိခင်က ပြောပြပါတယ်။ ရပ်ကွက်နေပြည်သူတွေ စောင့်ရှောက်ပေးထားလို့သာ ကိုအေးကိုက လမ်းဘေးနေရာလေးမှာ နေထိုင်လို့ ရနေတာပါ။ ဝေဒနာကို မခံမရပ်နိုင်အောင် ခံစားနေရပေမယ့် ငွေကြေးမတတ်နိုင်တာကြောင့် အရိုးတွေ အသားတွေ ပုတ်ပွပဲ့ထွက်နေတဲ့ နောက်ထပ်ခြေတစ်ဖက်ကို မဖြတ်နိုင်သေးကြောင်း ကိုအေးကိုက အသိပေးပါတယ်။ သွေးကြောပိတ်ရောဂါကြောင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပြီး နောက်တစ်ဖက်ကလည်း အရိုးတွေပုတ်ကာ ပြတ်ကျကုန်လို့ ခြေထောက်အမြန်ဖြတ်ချင်နေသူ ကိုအေးကိုရဲ့ဘဝဖြတ်သန်းနေထိုင်ရမှုက သနားစရာ၊ စိတ်မကောင်းဖြစ်စရာကောင်းလွန်းတာမို့ Mercury Variety ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStoryInterview #LifeStory #KoAyeKo #ကိုအေးကို #သွေးကြောပိတ် #အရိုး #ငွေကြေး #ဘဝရပ်တည်မှု #အခက်အခဲ #Yangon #Myanmar