“ဘတ်စ်ကားမောင်းတဲ့လူ တရှိန်ထိုး ဆွဲမောင်းပြီး ဝင်တိုက်တော့ ကျွန်မယောက်ျားက ခေါင်းက တစ်နေရာ၊ ကိုယ်က တစ်နေရာ၊ လက်က တစ်နေရာ ဖြစ်သွားခဲ့ရတာပါ၊ ကျွန်မတို့အတွက် တံတိုင်းကြီး ကျိုးကျသွားခဲ့တာ” – မသဇင်(ကွယ်လွန်သူ ကိုကျော်ကျော်လင်းရဲ့ဇနီး)
—————————
“သူ့ကို ကျွန်မတို့လူတွေတင် မဟုတ်ဘူး။ ခွေးလေးတွေတောင် မျှော်ကြတာ။ သူဆုံးသွားတဲ့နေ့ကနေ ရက်လည်နေ့ကို ရောက်တဲ့အထိ ခွေးလေးတွေက အူလည်း မအူဘူး၊ ဟောင်လည်း မဟောင်ဘူး။ ကျွန်မတို့အတွက် တံတိုင်းကြီးတစ်ခုလုံး ကျိုးကျသွားတာပါ။ ဒီနေ့ဆို ကျွန်မ သူ့ရဲ့ေ…..သစာရင်း သွားထုတ်တာ။ လိုင်းကားလည်း မစီးချင်ဘဲ စီးခဲ့ရတယ်။ ကျွန်မလေ ကားတွေဆို တွေ့ကို မတွေ့ချင်တော့တာ။ သူ့အမေဆိုလည်း အိပ်ရာထဲမှာ လဲနေတာ။ သူက တစ်ပတ်တစ်ခါ အရောက်သွားပြီး ပြုစုတယ်။ ကျွန်မရဲ့အဖိုးဆိုလည်း အသက် ၁၀၀ ကျော်။ သူက အကုန်လုပ်ပေးတာ။ နာရေးသွားပို့တဲ့အချိန်အထိ ကျွန်မ မယုံခဲ့ဘူး။ သူက သူ့ကားကို အရမ်းချစ်တာ။ ကားဖြစ်သွားလို့ သွားပြောတာကို ဒီလိုကြီး လုပ်မယ်လို့ မထင်ဘူးလေ။ မလျော်နိုင်ရင် မောင်းထွက်သွားလိုက်ပေါ့။ အခု တရှိန်ထိုးဆွဲပြီး ခန္ဓာကိုယ်တစ်ခုလုံး ခေါင်းက တစ်နေရာ၊ ကိုယ်က တစ်နေရာ၊ လက်က တစ်နေရာ ဖြစ်သွားရတာ။ သမီးတွေက ကျွန်မကို ပေးမကြည့်တော့ ကျွန်မလည်း မကြည့်ဘူးပေါ့နော်။ ကျွန်မကတော့ အမှုမှန်ပေါ်စေချင်တယ်။ ကျွန်မ အမှန်တရားလေး လိုချင်တယ်ပေါ့နော်။ အခုဆို ကျွန်မတို့ရဲ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးမယ့်သူ မရှိတော့ဘူးလေ” – မသဇင်(ဘတ်စ်ကားမောင်းသူ မဆင်မခြင် ဝင်တိုက်မှုကြောင့် ကွယ်လွန်သွားခဲ့ရတဲ့ ကိုကျော်ကျော်လင်းရဲ့ဇနီး) #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStoryInterview #LifeStory #မသဇင် #MaThaZin #KoKyawKyawLinn #ကိုကျော်ကျော်လင်း #Taxi #Bus #တံတိုင်းကြီး #Yangon #Myanmar