အသက် ၁၀၈ နှစ်နဲ့ အသက် ၉၃ နှစ်အရွယ်တွေ ရှိနေပြီဖြစ်ပေမယ့် အခုအချိန်ထိ ကျန်းမာစွာနဲ့ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေဆဲ ပဲခူးမြို့က ညီအစ်မနှစ်ဦး
————————
ဒီအဖွား ၂ ယောက်ရဲ့နာမည်တွေက ဒေါ်သီးနဲ့ ဒေါ်အေးရွှေ ဖြစ်ပါတယ်။ အဖွား ဒေါ်သီးက အသက် ၁၀၈ နှစ် ရှိပြီဖြစ်ပြီး အဖွား ဒေါ်အေးရွှေကတော့ အသက် ၉၃ နှစ် ရှိနေပါပြီ။ ထူးခြားချက်က အသက်အရွယ် အိုမင်းနေပြီဖြစ်ပေမယ့် ဒီညီအစ်မ ၂ ဦးဟာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေနိုင်ဆဲ ဖြစ်နေတာပါပဲ။ အသက် ၁၀၈ နှစ်အရွယ် အဖွား ဒေါ်သီးက အိမ်ရှေ့မှာရှိတဲ့ အခုထိုင်နေတဲ့နေရာလေးမှာ နေထိုင်ပြီး အဖွား ဒေါ်အေးရွှေကတော့ လမ်းလျှောက်နိုင်ဆဲပဲလို့ သိရှိရပါတယ်။ မွေးချင်းမောင်နှမ ၆ ယောက်ရှိပြီး ၃ ယောက်ကတော့ ကွယ်လွန်တိမ်းပါးသွားခဲ့ပြီလို့ အဖွားတွေက ပြောပြပါတယ်။ လက်ရှိမှာ အသက် ၆၈ နှစ်အရွယ် ညီမဖြစ်သူ ဒေါ်အေးသန်းက အစ်မ ၂ ယောက်ကို ပြုစုစောင့်ရှောက်ပေးနေပါတယ်။ ဒီအဖွားတွေရဲ့မိဘတွေကလည်း သက်တော်ရှည်တွေဖြစ်ကြပြီး အဖေက အသက် ၁၀၁ နှစ်၊ အမေက အသက် ၈၇ နှစ်အထိ နေသွားခဲ့ရတယ်လို့ ဒေါ်အေးသန်းက ပြောပြပါတယ်။ သက်တော်ရှည် ညီအစ်မ ၂ ယောက်ဖြစ်တဲ့အပြင် အခုအချိန်ထိ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝဖြတ်သန်းခွင့်ရနေဆဲ ပဲခူးမြို့က အဖွား ဒေါ်သီးနဲ့ အဖွား ဒေါ်အေးရွှေတို့ရဲ့အကြောင်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ဒေါ်သီး #ဒေါ်အေးရွှေ #ဒေါ်အေးသန်း #ညီအစ်မ #အသက်ရှည် #ပဲခူး #Yangon #Myanmar