မိခင်ဝမ်းက မွေးလာချိန်မှာ လုံးဝ အသက်မရှူခဲ့ဘဲ ပြာနှမ်းနေခဲ့ပြီး ၃ ရက်ကြာမှ နို့စစို့နိုင်ခဲ့တဲ့ ကိုရင်လေး ဥတ္တမသာရ(လသာ ကိုရင်လေး)ရဲ့ထူးခြားချက်တွေကို ပြောပြသူ မယ်တော် ဒေါ်စန်းစန်း
———————
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်က လသာကျေးရွာလေးက လသာကျောင်းတိုက်မှာ ကိုရင်လေး ဥတ္တမသာရက သီတင်းသုံးနေပါတယ်။ ဘွဲ့နာမည်က ကိုရင်လေး ဥတ္တမသာရ ဖြစ်ပေမယ့် ကိုရင်လေးကို လသာကိုရင်လေးလို့ လူသိများပါတယ်။ လသာကိုရင်လေးရဲ့မယ်တော်က ဒေါ်စန်းစန်း ဖြစ်ပါတယ်။ လသာကိုရင်လေး ဥတ္တမသာရ ဟာ မိခင်ဝမ်းက မွေးချိန်မှာ အရပ်စကား အရပ်အခေါ်နဲ့ပြောရရင် အပြန်(ပြောင်းပြန်ကို ဆိုလိုခြင်းဖြစ်သည်)မွေးခဲ့တာပါ။ ခြေထောက်ကနေ စတင်မွေးခဲ့ပြီး တောလက်သည်တွေက ကလေးရဲ့ခေါင်းဟာ အချင်းနင်းခံရတယ်လို့တောင် ပြောခဲ့ပါတယ်။ ခေါင်းနေရာဆီ အရောက်မှာ အပြင်ကို ထွက်မလာခဲ့ဘဲ မိခင်ဝမ်းထဲမှာ တစ်နေခဲ့ပြီး အဲ့ဒါကြောင့်ပဲ မွေးဖွားလာချိန်မှာ လသာကိုရင်လေးက အသက်မရှူဘဲ ပြာနှမ်းတဲ့အထိတောင် ဖြစ်နေခဲ့တယ်လို့ မယ်တော် ဒေါ်စန်းစန်းက ပြောပြပါတယ်။ မွေးဖွားပြီးတဲ့နောက် ၃ ရက်လောက် လုံးဝ နို့မစို့နိုင်ခဲ့ဘဲ အဲ့ဒီ ၃ ရက်မှာ အသက်ရှူနေတာလေးကိုကြည့်ပြီးပဲ မိဘတွေမှာ အားတင်းနေခဲ့ရတဲ့အကြောင်းလည်း မယ်တော် ဒေါ်စန်းစန်းက ရင်ဖွင့်ခဲ့ပါတယ်။ အိပ်မက်ပေးတာမျိုး မရှိခဲ့ပေမယ့် ဒါဟာ လသာ ကိုရင်လေး(ဝါ) ကိုရင်လေး ဥတ္တမသာရရဲ့ထူးခြားချက်တွေလို့ ဆိုနိုင်ရင် ရတယ်လို့ မယ်တော်က ပြောပြခဲ့ပါတယ်။ ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ထားခဲ့ချိန်မှာ ၅ တန်းအရွယ်သာ ရှိခဲ့သေးပြီး အဲ့ဒီနောက်မှာ သာသနာ့စာပေကို လေ့လာသင်ယူရင်းကနေ ကိုရင်လေးက သာသနာ့ဘောင်ထဲကို ရောက်ရှိလာခဲ့တာပါ။ ကိုရင်လေးရဲ့ဘဝက ထူးခြားမှုတွေနဲ့အစပြုပြီး ထူးခြားချက်တွေနဲ့ ပြည့်နှက်နေတာမို့ အဲ့ဒီထူးခြားချက်တွေကို မယ်တော် ဒေါ်စန်းစန်းနဲ့ တွေ့ဆုံကာ Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ကိုရင်လေး #လသာကိုရင်လေး #ဥတ္တမသာရ #မယ်တော် #ဒေါ်စန်းစန်း #ထူးခြားမှုများ #Yangon #Myanmar