အဖေဖြစ်တဲ့ အိမ်ထောင်ဦးစီး လေဖြတ်သွားလို့ လူမမယ်သားလေးကို အလုပ်,လုပ်ခိုင်းနေရပြီး ဆေးဖိုးနဲ့ နေထိုင်စားသောက်ဖို့အတွက် ခက်ခဲစွာ ရုန်းကန်နေရတဲ့ မိသားစု
——————
ဒီမိသားစုဟာ ခက်ခဲတဲ့ဘဝကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းနေရပါတယ်။ အဖေဖြစ်တဲ့ အိမ်ထောင်ဦးစီး လေဖြတ်သွားတာကြောင့် သားအကြီးဆုံးဖြစ်တဲ့ လူမမယ်လေးက အပြင်ကိုထွက်ပြီး အလုပ်,လုပ်နေရပါတယ်။ ဇနီးဖြစ်သူရဲ့ပြောကြားချက်အရ သွေးတိုးတာကနေ အမျိုးသားဖြစ်သူ လေဖြတ်သွားခဲ့ပြီး စကားမပြောနိုင်အောင်အထိ ဖြစ်သွားခဲ့ရတယ်လို့ သိရှိရပါတယ်။ ဦးနှောက်သွေးကြော အမျှင်လေး ပေါက်သွားခဲ့တယ်လို့ ဆရာဝန်ရဲ့ပြောကြားချက်အရ သိရှိခွင့်ရခဲ့တယ်လို့ မိခင်ဖြစ်သူ မသက်သက်လွင်က အသိပေးပါတယ်။ ဆေးရုံမှာ မရတော့ဘူးလို့ စိတ်ပူခဲ့ရပြီး ခင်ပွန်းသည်ကို နှာခေါင်းပိုက်၊ ဆီးပိုက်နဲ့ ၂ လလောက်ထားခဲ့ရတယ်လို့ သိရပါတယ်။ ရပ်ကွက်နဲ့ ခင်ပွန်းသည်ဖြစ်သူရဲ့အလုပ်ကပေးတဲ့ ပိုက်ဆံလေးနဲ့ ဆေးကုခဲ့ရတယ်လို့ မသက်သက်လွင်က ရင်နင့်စဖွယ် ပြောပြပါတယ်။ လက်ရှိမှာ ခင်ပွန်းသည်က အနည်းငယ် သက်သာလာပြီဖြစ်ပေမယ့် သူနဲ့ လူမမယ်အရွယ်သားငယ်လေးရဲ့လုပ်ခလစာဟာ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် မညီမျှနိုင်အောင်ဖြစ်နေရလို့ အိမ်လစာအောင် မတတ်နိုင်အောင်ဖြစ်နေရပြီလို့ မသက်သက်လွင်က အသိပေးပါတယ်။ အခြေအနေ မဟန်ခဲ့ရင်တော့ အခုငှားထားတဲ့အိမ်ကို ပြန်အပ်ပြီး တစ်ခုခုလုပ်ရတော့မယ်လို့ သူတို့မိသားစု ရပ်တည်နေရတဲ့ဘဝကို မသက်သက်လွင်က ပြောပြပါတယ်။ အဖေဖြစ်တဲ့ အိမ်ထောင်ဦးစီး လေဖြတ်သွားလို့ လူမမယ်သားလေးကို အလုပ်,လုပ်ခိုင်းနေရပြီး ဆေးဖိုးနဲ့ နေထိုင်စားသောက်ဖို့အတွက် ခက်ခဲစွာ ရုန်းကန်နေရတဲ့ ဒီမိသားစုရဲ့ခက်ခဲစွာ ဘဝဖြတ်သန်းနေရမှုကို Mercury Variety ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #အိမ်ထောင်ဦးစီး #ဘဝအခက်အခဲ #စားဝတ်နေရေး #အိမ်ငှားခ #ကုန်ဈေးနှုန်း #ကျန်းမာရေး #နေထိုင်စားသောက် #Yangon #Myanmar