အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ “ရာဇဝင်စိတ်ကူး”သီချင်းပိုင်ရှင် ဉာဏ်လင်းထွဋ် (သို့) သီချင်းလုပ်လို့ အိမ်က အပစ်ခံလိုက်ရတဲ့သူ၊ အငတ်ငတ်အပြတ်ပြတ်နဲ့ သီချင်းကို ဖက်တွယ်ခဲ့ရသူ ——————— “မယားငယ်နဲ့ မယားကြီးကြားမှာ စိတ်ပင်ပန်းကာ အလိုလို အရွယ်ကျ၊ ဒါပေမဲ့ နောက်ဆုတ်လို့ကို မရ”စာသားကြောင့် အွန်လိုင်းမှာ နာမည်ကြီးသွားခဲ့တဲ့ “ရာဇဝင်စိတ်ကူး”သီချင်းရဲ့ပိုင်ရှင်က ဉာဏ်လင်းထွဋ် ဖြစ်ပါတယ်။ ဉာဏ်လင်းထွဋ် ဟာ ဒီသီချင်းကို ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း လူသိများသွားခဲ့တာပါ။ “ရာဇဝင်စိတ်ကူး”သီချင်းကို ဉာဏ်လင်းထွဋ်က ကိုယ်တိုင်ရေးပြီး ကိုယ်တိုင် သီဆိုထားတာပါ။ သီချင်းတွေကို ချစ်တဲ့ ဉာဏ်လင်းထွဋ်က ဘဝကြမ်းလှပါတယ်။ မိခင်ဖြစ်သူ ဆုံးပါးသွားပြီးချိန်ကတည်းက အိမ်နဲ့အဆက်ဖြတ်ပြီး ဉာဏ်လင်းထွဋ်က အခုအချိန်ထိ တစ်ကိုယ်တည်း ရုန်းကန်နေထိုင်ခဲ့တာပါ။ သီချင်းတွေကို ဖက်တွယ်လွန်းတဲ့သူ့ကို အိမ်ကနေ ပစ်ပယ်လိုက်တဲ့အထိဖြစ်သွားခဲ့လို့ အငတ်ငတ်အပြတ်ပြတ်ဖြစ်ခဲ့ရတဲ့အချိန်တွေကိုလည်း ဉာဏ်လင်းထွဋ်က ရင်ဆိုင်ခဲ့ရပါတယ်။ အလုပ်ရတဲ့အချိန်မှာ လစာရဲ့တစ်ပုံကို စားဖို့အတွက် ဖယ်ထားပြီး လစာရဲ့နှစ်ပုံကို သီချင်းဖန်တီးဖို့အတွက် သုံးစွဲတဲ့အထိ ဉာဏ်လင်းထွဋ်က သီချင်းတွေကို ခင်တွယ်ခဲ့တာပါ။ “ရာဇဝင်စိတ်ကူး”သီချင်းကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သူ့အနေနဲ့ ဖန်တီးထားခဲ့တာဖြစ်တယ်လို့ ဉာဏ်လင်းထွဋ်က ရင်ဖွင့်ပါတယ်။ အွန်လိုင်းမှာ နာမည်ကြီးနေပြီဖြစ်တဲ့ “ရာဇဝင်စိတ်ကူး”သီချင်းဟာ သီချင်းတွေကို ဘဝနဲ့ရင်းပြီး ချစ်ခဲ့တဲ့ ဉာဏ်လင်းထွဋ်အတွက် အလှည့်အပြောင်းတွေ၊ အချိုးအကွေ့တွေ ယူဆောင်ပေးလာနိုင်မလားဆိုတာ ရင်ခုန်ကြရတော့မှာပဲဖြစ်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ဉာဏ်လင်းထွဋ် #NyanLinnHtut #ရာဇဝင်စိတ်ကူး #Song #Singer #Songwriter #အလှူခံ #သီချင်း #ဘဝရပ်တည် #Yangon #Myanmar