အမေရောင်းတဲ့ မုန့်တိုဆန်ကို ဈေးဗန်းခေါင်းတင် ကူရောင်းပေးခဲ့ရတဲ့ဘဝကနေ ဒါရိုက်တာဖြစ်ဖို့ မရည်ရွယ်ခဲ့ဘဲ ဒါရိုက်တာဖြစ်ခွင့်ရခဲ့သူ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)
—————-
ဒါရိုက်တာ စတီးလ်။ ဘဝကြမ်းကြမ်းကနေ အခုလိုအနေအထားကိုရောက်အောင် တက်လှမ်းလာခဲ့သူလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒါရိုက်တာ စတီးလ်ဟာ ငယ်ဘဝက မိသားစုနဲ့အတူ သန်လျင်မှာနေခဲ့တာပါ။ အဲ့ဒီနောက် ဒေါပုံ၊ အဖေနဲ့ အမေ ကွာရှင်းလိုက်တော့ အမေနဲ့အတူ လိုက်လာခဲ့ပြီး အဖိုးအဖွားတွေရှိတဲ့ မင်္ဂလာတောင်ညွန့် စတဲ့နေရာတွေမှာ ဘဝကို ဆက်လက် ဖြတ်သန်းခဲ့ရပါတယ်။ မိခင်ဖြစ်သူက မိသားစုရပ်တည်ရေးအတွက် မုန့်တိုဆန် လုပ်ပြီး ရောင်းချချိန်မှာ ကိုစတီးလ်ရဲ့အသက်က ၁၄ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ ၁၁၄ လမ်းကနေ အမေ လုပ်ပေးတဲ့ မုန့်တိုဆန်ကို ရန်ကုန်ဘူတာကြီးအထိ သွားရောက်ပြီး ဈေးဗန်းခေါင်းတင်ရွက်ကာ ရောင်းလို့ မိသားစုအရေးကို ကိုစတီးလ်က သူတတ်နိုင်တဲ့ဘက်က ကူညီပေးခဲ့တာပါ။ မုန့်တိုဆန် ရောင်းပြီးတဲ့နောက်မှ ကျောင်းတက်ဖို့ကို ကိုစတီးလ်က သွားခဲ့ရဖူးပါတယ်။ သူ့ဘဝမှာ ဒါရိုက်တာဖြစ်လာလိမ့်မယ်လို့ စိတ်မကူးခဲ့ဖူးတဲ့အကြောင်းလည်း ကိုစတီးလ်က ပြောပြပါတယ်။ ကိုစတီးလ်ကို ရုပ်ရှင်လောကထဲဆီ ခေါ်လာခဲ့သူက သရုပ်ဆောင် ပြေငြိမ်းရဲ့အဖေ ဦးမောင်မောင်မြင့်ပါပဲ။ ရှုတင်အိမ်တွေကို အမှိုက်သိမ်း၊ ရေဖြည့်ဘဝကနေ ကိုစတီးလ်က စတင်ခဲ့ရပါတယ်။ ဦးညွန့်ဝင်း၊ အန်တီဂရေ့စ်(ခေါ်)ဒေါ်ဆွေဇင်ထိုက် တို့လို သရုပ်ဆောင်တွေ ရိုက်ကွင်းဆီ လာတဲ့အချိန်မှာ အဝတ်ထုပ်တွေ ထမ်းပိုးပြီး သူ့ရဲ့အနုပညာလောကထဲ ဝင်ရောက်မှုကို ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က အစပြုခဲ့ရတာပါ။ မုန့်တိုဆန်ကို ခေါင်းပေါ်ဈေးဗန်းရွက် ရောင်းချခဲ့ရသူ ဘဝကနေ ဒါရိုက်တာလုပ်ဖို့ မရည်ရွယ်ဘဲ ဒါရိုက်တာဘဝကို ပိုင်ဆိုင်ရရှိခဲ့သူ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရဲ့ဘဝဖြတ်သန်းမှုက စိတ်ဝင်စားစရာကောင်းတဲ့အတွက် Mercury Variety က တင်ဆက်ပေးလိုက်ပါတယ်။ (ဒါရိုက်တာ စတီးလ်ရဲ့ဘဝဖြတ်သန်းမှုဟာ စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ ပြည့်နှက်နေတဲ့အတွက် အပိုင်းတွေခွဲပြီး တင်ဆက်ဖော်ပြပေးသွားမှာဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါတယ်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ဒါရိုက်တာစတီးလ် #စတီးလ် #Director #DirectorSteel #rမုန့်တိုဆန် #ဘဝဖြတ်သန်းမှု #ရန်ကုန်ဘူတာကြီး #PyayNyein #ပြေငြိမ်း #မိသားစု #Family #Celebrity #Celebrities #Yangon #Myanmar