အဖေနဲ့ အဖွား တိမ်းပါးသွားချိန်မှာ မိခင်က မိသားစုအတွက် ငွေရှာဖို့ထွက်ရင် စောင့်ရှောက်သူမဲ့သွားဖို့ရှိနေတဲ့ ပိုလီယိုဝေဒနာသည် မောင်သီဟအောင်
——————
“ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဆိုတဲ့ စကားပုံကို လောကဇာတ်ခုံထက် အတိုင်းသားမြင်တွေ့လိုက်ရတဲ့ အဖြစ်အပျက်တစ်ခုပါပဲ။ အဖေက ဆုံးပါးသွားချိန်မှာ အမေက ပြင်ပဆီ သွားရောက်ကာ အလုပ်လုပ်နေစဉ် အဖွားရဲ့စောင့်ရှောက်မှုကို ရရှိခဲ့တဲ့ အကြောသေပိုလီယိုဝေဒနာရှင်လေး မောင်သီဟအောင် ဟာ မကြာသေးခင်ကပဲ အဖွားက ဆက်လက် တိမ်းပါးသွားတာကြောင့် စောင့်ရှောက်သူမဲ့သွားနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရပါပြီ။ မိခင်ဖြစ်သူက မောင်သီဟအောင် ကို မစောင့်ရှောက်နိုင်ဘူးလားလို့ မေးခွန်းထုတ်ချင်စရာရှိပါတယ်။ မိခင်ဖြစ်သူက မိသားစုစားဝတ်နေရေးအတွက် ပြင်ပထွက်ပြီး ဝင်ငွေရှာဖွေနေရချိန်တွေဆိုရင် မောင်သီဟအောင်အနေနဲ့ တစ်ကိုယ်တည်း ရပ်တည်နိုင်ဖို့ဆိုတာက လုံးဝကို ခက်ခဲလှပါတယ်။ ထမင်းစားချိန်တွေမှာတောင် တက်တတ်တဲ့အကျင့်မျိုးရှိလို့ သူ့သားလေးရဲ့အကြောင်းကို မသိရင် စောင့်ရှောက်ပေးဖို့က မလွယ်ကူနိုင်ဘူးလို့ မိခင်ဖြစ်သူ မနွေဦးက ရင်ဖွင့်ပါတယ်။ အိမ်ငှားခ၊ စားဝတ်နေရေး၊ ကျန်းမာရေး စတာတွေအတွက် ငွေထွက်မရှာရင် မဖြစ်လို့ သူမရဲ့သားဖြစ်သူကို စောင့်ရှောက်မှုပေးဖို့ဆိုတာက မနွေဦးအတွက် ခက်ခဲလို့နေပါတယ်။ ခါးဆီဖောက်ထုတ်လိုက်ရာကနေ သူမရဲ့သားလေးက ဒီလိုအခြေအနေဖြစ်သွားခဲ့ရတာလို့လည်း မနွေဦးက ပြောပြပါတယ်။ မနွေးဦးဟာ မတတ်သာတော့ဘူးဆိုရင်တော့ သူမရဲ့သားလေးကို စောင့်ရှောက်ရေးဂေဟာတွေဆီ ပေးလိုက်ဖို့တောင် စိတ်ကူးလို့နေပါပြီ။ ဘဝခါးခါးတစ်ခုဖြစ်တဲ့ အဖေနဲ့ အဖွား တိမ်းပါးသွားချိန်မှာ မိခင်က မိသားစုအတွက် ငွေရှာဖို့ထွက်ရင် စောင့်ရှောက်သူမဲ့သွားဖို့ရှိနေတဲ့ ပိုလီယိုဝေဒနာသည်လေး မောင်သီဟအောင်ရဲ့အကြောင်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ThihaAung #သီဟအောင် #မနွေဦး #MaNwayOo #မိခင် #ကျန်းမာရေး #ဘဝရပ်တည်ရေး #Health #အခက်အခဲ #အိမ်ငှားခ #Family #ကျွေးမွေးပြုစု #စောင့်ရှောက်သူ #Yangon #Myanmar