Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘဝရပ်တည်ရေးအတွက် အလှူခံကာ စားသောက်နေထိုင်ရသူ ဆရာကြီး သခင်ဘသောင်းရဲ့သမီး ကျောင်းဆရာမ ဒေါ်သီတာ‌သောင်း

တို့ဗမာအစည်းအရုံးတည်ထောင်သူ သခင်ဘသောင်းရဲ့သမီးဖြစ်ပြီး လက်ရှိမှာ ဘဝရပ်တည်ဖို့အတွက် အလှူခံကာ စားသောက်နေထိုင်ရသူ ကျောင်းဆရာမကြီး ဒေါ်သီတာသောင်း
——————-
ဆရာမကြီးရဲ့နာမည်က ဒေါ်သီတာသောင်း ဖြစ်ပါတယ်။ တစ်ကိုယ်တည်း အပျိုကြီးဘဝနဲ့ ဆင်းရဲချို့တဲ့စွာ နေထိုင်ရသူပါ။ ထူးခြားချက်က ဆရာမကြီးဟာ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်ခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဆရာကြီး သခင်ဘသောင်းရဲ့သမီးဖြစ်နေတာပါပဲ။ ဆရာကြီး သခင်ဘသောင်းရဲ့သမီး အတု၊ အစစ် ဒွိဟဖြစ်မှုတွေ ပေါ်ထွက်ခဲ့ပေမယ့် ဆရာမကြီးကတော့ သူဟာ သခင်ဘသောင်းရဲ့သမီး ဒေါ်သီတာသောင်း ပါလို့ ပြောပြခဲ့ပါတယ်။ တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ သူ့ဖခင် သခင်ဘသောင်း မကျန်းမမာဖြစ်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်တွေ လာရောက်ကြည့်ရှု သတင်းမေးခဲ့တဲ့အကြောင်းကိုလည်း ဆရာမကြီးက မှတ်မိနေဆဲပါပဲ။ အရမ်းကို အသင်အပြကောင်းမွန်တဲ့ ကျောင်းဆရာမကြီးဖြစ်ခဲ့ပေမယ့် ဆီးချိုရောဂါဝေဒနာကြောင့် ပင်စင်ယူခဲ့ရပြီး အခုအချိန်မှာတော့ ဆရာမကြီး ဒေါ်သီတာသောင်းက ဘဝရပ်တည်ဖို့အတွက် ရပ်ကွက်နဲ့ ပတ်ဝန်းကျင်မှာအလှူခံစားသောက်လို့ နေရပါတယ်။ သူမရဲ့နံဘေးမှာ ခွေးလေးတွေသာရှိပြီး သူမ စေတနာရှိလို့ လှူဒါန်းတဲ့အထဲကနေ ခွေးလေးတွေကိုလည်း ဆရာမကြီး ဒေါ်သီတာသောင်းက ပြန်လည်ကျွေးမွေးလို့နေပါတယ်။ တို့ဗမာအစည်းရုံး တည်ထောင်သူ၊ ပန်းသာမစာဥနဲ့ တစ်ထောင့်တစ်ညပုံပြင်များ စာအုပ်တွေကို ရေးသားခဲ့သူ သခင်ဘသောင်းရဲ့သမီး ဟုတ်၊ မဟုတ်ဆိုတဲ့ ဝေဖန်မှုတွေကို ဘေးဖယ်လိုက်ပြီး အသင်အပြကောင်းခဲ့တဲ့ ကျောင်းဆရာမကြီးတစ်ယောက် ရပ်ကွက်က စီစဉ်ပေးတဲ့ အိမ်ငယ်လေးတစ်ခုထဲမှာ နေထိုင်ရတာ၊ ဘဝရပ်တည်ရေးအတွက် အလှူခံစားသောက်နေရတာ စတဲ့အချက်တွေနဲ့ကြည့်လိုက်မယ်ဆိုရင်တောင် ဆရာမကြီး ဒေါ်သီတာသောင်းရဲ့ဘဝရပ်တည်ရမှုက အရမ်းကို ခက်ခဲလွန်းနေပါပြီ။ ဆရာကြီး သခင်ဘသောင်းရဲ့သမီးဖြစ်သူ ကျောင်းဆရာမကြီး ဒေါ်သီတာသောင်းရဲ့နေထိုင်ရမှု၊ ရပ်တည်ရမှုနဲ့ ရှင်သန်ရမှုတွေအကြောင်းကို Mercury Variety ပရိသတ်တွေ သိရှိနိုင်စေဖို့အတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStoryInterview #LifeStory #DawThidarThaung #ဒေါ်သီတာသောင်း #ကျောင်းဆရာမကြီး #သခင်ဘသောင်း #တို့ဗမာအစည်းအရုံး #ဘဝရပ်တည်မှု #အလှူခံ #Yangon #Myanmar

Close menu