အဖီဆွဲထားတဲ့အခန်းကျဉ်းထဲ အထီးကျန်စွာ ဘဝဖြတ်သန်းနေရသူ အသက် ၁၀၄ နှစ်အရွယ် အဖွားအိုနဲ့ အဖွားအိုကို မယ်တော်လို သဘောထားပြီး ဆွမ်းခံကျွေးမွေး မျှဝေနေသူ ဥူးဇင်း အရှင် ဉာဏ်နိတ
—————
အဖွားက အသက် ၁၀၄ နှစ် ရှိပါပြီ။ အဖွားရဲ့နာမည်က ဒေါ်တင်မေ ပါ။ ဒေါ်တင်မေ ဟာ အဖီလေးဆွဲပြီး ဆောက်ထားတဲ့ လူတစ်ကိုယ်စာ အခန်းကျဉ်းလေးထဲမှာ တစ်ကိုယ်တည်း နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရသူပါ။ ပြုစုစောင့်ရှောက်ပေးမယ့်သူလည်း မရှိ၊ ဆွေမျိုးသားချင်းတွေလည်း မရှိ၊ သားထောက်သမီးခံလည်း မရှိတဲ့ဘဝမို့ အသက် ၁၀၄ နှစ်အရွယ် အဖွား ဒေါ်တင်မေ ရှင်သန်ရပ်တည်နေရတဲ့ဘဝက ခက်လွန်းခြင်းမက ခက်လှပါတယ်။ အဖွားအတွက် အဖော်ပြုစရာဆိုလို့ သူမွေးထားတဲ့ ခွေးလေးတွေလောက်သာ ရှိတာပါ။ အဖွားကို ကျွေးမွေးစောင့်ရှောက်နေသူက ဘုန်းတော်ကြီးတစ်ပါးပါ။ ဥူးဇင်း အရှင် ဥာဏ်နိတ ဖြစ်ပါတယ်။ ဉူးဇင်း အရှင် ဉာဏ်နိတ ဟာ အသက် ၁၀၄ နှစ်အရွယ် အဖွား ဒေါ်တင်မေကို သူ့ရဲ့မယ်တော်ကြီးအဖြစ် သဘောထားပြီး ပြုစုစောင့်ရှောက်နေတာလို့ မိန့်တော်မူပါတယ်။ ဆွမ်းခံရာကရရှိတဲ့ ဆွမ်းကို အဖွား ဒေါ်တင်မေ ဆီ လာရောက်ပို့ပေးပြီး မိုးသည်းတဲ့ အခုရက်ပိုင်းနေ့တွေမှာ ဥူးဇင်း မကြွလာနိုင်တဲ့နေ့တွေရှိခဲ့ရင် ရပ်ကွက်မှာနေထိုင်သူတွေက ဝိုင်းဝန်းပြီး အဖွားကို ပြုစုစောင့်ရှောက်ပေးခဲ့တယ်လို့ သိရှိရပါတယ်။ အဖီဆွဲထားတဲ့ အခန်းကျဉ်းလေးထဲ တစ်ကိုယ်တည်း အထီးကျန်စွာ ဘဝကို ဖြတ်သန်းနေထိုင်ရသူ အသက် ၁၀၄ နှစ်အရွယ် အဖွား ဒေါ်တင်မေရဲ့အကြောင်းအရာတွေက အရမ်းပဲ စိတ်ဝင်စားစရာကောင်းလွန်းတာမို့ Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStoryInterview #LifeStory #DawTinMay #ဒေါ်တင်မေ #အသက်၁၀၄နှစ် #အထီးကျန် #အရှင်ဉာဏ်နိတ #ကျွေးမွေးပြုစု #ဆွမ်းခံ #Yangon #Myanmar