Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မဖဲဝါ ဇာတ်ကားအပြီးမှာ ၃ ကြိမ် နေမကောင်းဖြစ်လို့ ပွဲခဏခဏ သွားပေးနေရတယ် – မြယာ

“မဖဲဝါတို့လို ဇာတ်ကားတွေက သတိထားရတယ်တဲ့၊ အခု နေမကောင်းတာ ၃ ကြိမ် ရှိလာပြီ၊ ပွဲပေးတာဆိုလည်း ခဏခဏပဲ၊ တစ်ခါဖြစ်ရင် တစ်ခါ သွားပေးနေရတယ်” – မြယာ(သရုပ်ဆောင်)
—————-
“မဖဲဝါတို့လို ဇာတ်ကားတွေဆိုတာ နည်းနည်းသတိထားရတယ်လို့ သူများတွေလည်း အကြံပေးတယ်။ အဲ့ဒီဇာတ်ကား ရိုက်ပြီးတော့မှာ မြ အခုဆို နေမကောင်းတာ သုံးကြိမ်မြောက် ရှိလာပြီ။ ရှုတင်တွေမှာဆိုရင်လည်း ဘာမဟုတ်တာလေးတွေနဲ့ ကတောက်ကဆတွေ ဖြစ်ခဲ့ရတယ်။ ကင်မရာတွေဆို အသံမမိတာတွေ၊ အသံကြိုးတွေ ပြတ်သွားတာတွေ၊ အသံသွင်းနေတုန်းက အကောင်း၊ ပြီးရင် ဘာမှ အသံမကြားရတာတွေ အများကြီး ကြုံခဲ့ရတယ်။ ပွဲပေးတာဆိုရင်လည်း ခဏခဏပဲ။ မြ ပွဲပေးတာဆိုရင် နှစ်ခါ၊ သုံးခါ ရှိပြီ။ တစ်ခါဖြစ်ရင် တစ်ခါ သွားပေး လုပ်နေရတာ။ မကြီးစိုးနဲ့ မရိုက်ခင်ကို နတ်နန်းမှာ မြက ပွဲတစ်ခါ သွားပေးထားသေးတာ။ ကျန်းမာရေးက မနေ့ကလေးတင် ဆေးပြန်သွင်းထားရတာ။ မြ နေမကောင်းတာ ဟိုတလောက တော်တော် အခြေအနေဆိုးသွားတယ်လေ။ မြက အာရုံကြော ထိသွားတာပေါ့။ အာရုံကြောက သွေးကြောမျှင်လေးတွေ နည်းနည်းပေါက်သွားတာလို့ ပြောတယ်” – မြယာ(သရုပ်ဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #CelebrityExclusiveInterview #MyaYar #မြယာ #Acting #သရုပ်ဆောင် #Actress #မဖဲဝါ #Celebrities #Celebrity #ကျန်းမာရေး #Health #Yangon #Myanmar